Hangang Bridge Bombing 1950 June 28

3.7K 779 34
                                    

၁၉၅၀ ဇွန်လ ၂၈ ရက် ဟန်မြစ်တံတားအားဖောက်ကွဲဖျက်စီးပစ်ခြင်း စစ်ဆင်ရေး။

ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် အမေရိကန်တို့၏ကျောထောက်နောက်ခံဖြင့် ပထမဆုံး သမ္မတဖြစ်လာခဲ့သည် အီဆင်းမန်းသည် မြောက်ပိုင်းစစ်တပ်တို့ကျူးကျော်လာသည့် နောက် ၂ ရက်အကြာ
ဇွန်လ ၂၇ ရက်နေ့ မနက်အစောတွင် အထူးရထားဖြင့် ဆိုးရ်မှထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်သည်။ တောင်ပိုင်း၏ အင်အားနည်းစစ်တပ်သည် သေချာပေါက် ချီတက်လာသော မြောက်ပိုင်းစစ်တပ်ကို ခုခံနိုင်မည်မဟုတ်ပေ။ ထိုအခါ တာဝန်ရှိသူတို့သည် မြောက်ပိုင်းတပ်ဖွဲ့တို့ကို နှောင့်နှေးစေရန်အလို့ငှာ ဟန်းမြစ်တံတားကို ဖောက်ခွဲရန် ဆုံးဖြတ်လိုက်ကြပြီး ပေါင်ချိန် ၃ ထောင်ကျော်သော ဖောက်ခွဲပစ္စည်းများကို တပ်ဆင်လိုက်ကြသည်။ တာဝန်ရှိသူတို့သည် အလောတကြီးလုပ်ပစ်သည့် တံတားကြီးကိုဖောက်ခွဲမည့်အကြောင်းကိုကား ပြည်သူတို့ကို အသိပေးခြင်းမပြုနိုင်ခဲ့ပါ။ ထိုအချိန်တွင် ဆိုးရ်မှထွက်ပြေးတိမ်းရှောင်သူ လူအုပ်ကြီးသည် သောင်းချီ၍ ရှိနေခဲ့သည်။ တစ်ချိန်တည်းတွင် မြောက်ပိုင်းတပ်ကိုခုခံကာကွယ်ရန်ချီတက်သွားသော တောင်ကိုရီးယားစစ်တပ်သည်လည်း မြစ်၏တစ်ဖက်ကမ်းတွင်ရှိနေခဲ့သည်။
💬

၁၉၅၀ ၊ ဇွန်လ ၂၇ ၊ ဆိုးရ် ၊ ကိုရီးယား။

မာကျီသည် နေ့လည် ၁ နာရီတွင် အိမ်သို့ အမောတကောရောက်လာခဲ့သည် ။

"ဆရာ မြို့ကနေတိမ်းရှောင်ထွက်ပြေးတဲ့သူတွေအရမ်းများပြီး လမ်းတွေပိတ်နေတယ် ၊ ဒုံဂျာ့ကူ ကို သွားဦးမှာဆို ဟန်မြစ်တံတားကိုဖြတ်ရလိမ့်မယ် ၊ တံတားပေါ်မှာ ပိုပိတ်နိုင်မယ်ဆရာ"

ဘတ်ဟျွန်းသည် ကိုကို့ရဲ့ အင်္ကျီ စကိုမလွတ်မပေးပဲ ဘေးကနေ သာ ငြိမ်နားထောင်နေခဲ့သည်။

" မြောက်ပိုင်းကချီတက်လာတဲ့ ကွန်မြစ်နစ်တပ်က ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန်ဆိုရောက်တော့မှာ ဆိုးရ်က သူတို့လက်ထဲကျဖို့များတယ် ၊ ဆရာဒီမှာ တစ်ပတ်တောင်မနေသင့်တော့ဘူး၊ အမေရိကန်သံရုံးလည်း စောစောက ပိတ်လိုက်ပြီ၊ ပြီးတော့ ကျွန်တော်သွားကြည့်ခဲ့တာ ဟန်မြစ်တံတားပေါ်မှာ တောင်ကိုရီးယားစစ်သားတွေအများကြီးတွေ့ခဲ့တယ် "

Ab imo pectoreWhere stories live. Discover now