၁၉၄၄ ဧပရယ် ပြုံးယမ်း၊ ကိုရီးယား။
ပြုံးယမ်းကနေ ကိုကိုပြန်သွားပြီး နောက်နှစ်ရက်မှာ များပြားလှတဲ့ ပိုက်ဆံတွေ က ဘတ်ဟျွန်းရဲ့နာမည်နှင့်တာဝန်ထမ်းဆောင်ရာကမ့်သို့ ရောက်လာခဲ့သည်။
လက်ခံရ ရှိသော အလှုငွေပမာဏများပြားလွန်းသည့်အပြင် ၊ ထိုအတွက် အလှူရှင်၏အမည်ကိုပါမဖော်ပြလာသောအခါ အဖွဲ့ထဲက ခေါင်းဆောင်တို့ သည် အနည်းနှင့်အများတော့ အံ့ဩနေကြသည်။ ဘတ်ဟျွန်းကိုသာ အခါခါ ကျေးဇူးတင်နေကြသည်။
*ဘတ်ဟျွန်းသို့* ဟူ၍ ရိုးရှင်းစွာလိပ်မူထားသည့် စာအိတ်အညိုရောင်လေးသည် ဖယောင်းချိပ်တံဆိပ် အဝိုင်းလေးဖြင့် ပိတ်ထားလျက်တိုင်း ဘတ်ဟျွန်းရဲ့လက်ထဲရောက်လာခဲ့သည်။ အနည်းငယ်ဖိရေးထားဟန်ရသော ခပ်ရှင်းရှင်း ကိုကို့ရဲ့ လက်ရေးစာလုံးသုံးလုံးကို လက်မဖြင့် အသာပွတ်သပ်ရင်း ဘတ်ဟျွန်းရဲ့နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့သည်။ နှုတ်ခမ်းတို့က တားဆီးမရစွာ ပြုံးလိုက်မိတဲ့နောက် ဘတ်ဟျွန်း ဟာ တစ်ယောက်တည်းရှိတဲ့အခန်းကျဉ်းထဲမှာ ပဲ မည်သည့်အရာကို ရှက်လို့ရှက်မှန်းမသိ နားထိပ်တို့က စပြီး ပူကျစ်သည့်ခံစားချက်တို့ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရသည်။
ပြုံးနေရာကနေ ချက်ချင်းထရပ်ပြီး ကခုန်ချင်လာတဲ့ ခံစားချက်ကို ရလာတဲ့အခါမှာတော့ ဘတ်ဟျွန်းက ကိုယ့်ပေါင်ကိုသာ နာသွားအောင် လိမ်ဆွဲလိုက်ရသည်။"ဘာဖြစ်နေတာလဲ ၊ ငါ ဘာဖြစ်နေလဲ "
ထိန်းမရသိမ်းမရ ရယ်မောချင်နေတဲ့ ပါးနှစ်ဖက်ကို အသာ ပြန်ပုတ်သတိပေးရင်း စာအိတ်ထိပ်မှာ ပိတ်ထားတဲ့ ဖယောင်း ချိပ်တံဆိပ် လေးကို ဖြဲခွာလိုက်သည်။
အထဲမှ စာရွက်အဖြူခေါက်လေးကို ဆွဲထုတ်လိုက်ချိန်မှာပဲ သူ့လက်ဖဝါးတွေကြားကတဆင့် ပစ္စည်း လေးတစ်ခုက တတောက်တောက်မြည်ကာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ဘတ်ဟျွန်းက စာကို မဖတ်သေးပဲ ကြမ်းပြင်ထက်သို့ ရှာကြည့်သောအခါ ခပ်သေးသေး သော့ လေးတစ်ချောင်းကိုတွေ့လိုက်ရသည်။
သံချေးတက်နေပြီ ဖြစ်သော ခပ်ဟောင်းဟောင်း သော့ လေးသည် ဘာကို ရည်ညွှန်း သလဲ ဘတ်ဟျွန်းမသိပါ။
ကိုကို ဘာ့အတွက်ထည့်ပေးလိုက်သည်ကို သူမသိ။ စာတွင်တစ်ခုခုရေးထားမှာပဲဆိုသည့်အတွေးနဲ့ စာရွက်အဖြူခေါက်လေးကို ဖွင့်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/224661747-288-k251769.jpg)
YOU ARE READING
Ab imo pectore
Short StoryAll the events and characters in this story are ENTIRELY FICTIONAL !!!!!!