Lips taste of cigarettes

4.2K 827 90
                                    

၁၉၄၅ ဩဂုတ်လတွင် ဆိုဗီယက်ရုရှားသည် ဂျပန်တို့ခြေကုပ်ယူထားသော တရုတ်ပြည်မန်ချူးယီးရားကို သိမ်းပိုက်သည်။ ထို့နောက်တစ်ဆက်တည်း ကိုရီးယားမြောက်ပိုင်းရှိ ဂျပန်တို့ကို ထပ်မံ ကျရှုံးစေသည်။ တစ်ဖက် ကိုရီးယား၏ တောင်ပိုင်းဒေသတို့တွင် မဟာမိတ် အမေရိကန်သည် ဂျပန်တို့ကို ကျရှုံးစေသည်။
၁၉၄၅ ဩဂုတ်လ ၁၅ ရက်တွင် ကိုရီးယားတစ်နိုင်ငံလုံး လွတ်လပ်ရေးကို ရ ရှိခဲ့သည်။
၈ နှစ်ကျော်ကြာသော ဒုတိယ ဆိုင်နို(တရုတ်)-ဂျပန် စစ်ပွဲသည် ၁၉၄၅ စက်တင်ဘာလတွင် အဆုံးသတ်သည်။
အာရှဒေသအတွက် ဒုတိယကမ္ဘာစစ်၏ တရားဝင်အဆုံးသတ်တစ်ခုလည်းဖြစ်သည်။

💬

၁၉၄၄ ၊ ဧပရယ်လ ၊ ဟိုင်ဂျို ပြုံးယမ်းမြို့ ။

အခြေအနေမဟန်သော ဂျပန်တချို့သည် မိမိတို့ပိုင်ဆိုင်သည်များကို ရောင်းချကာ ကိုရီးယားမြေမှ ခွာရန် ကြံစည်နေကြပြီဖြစ်သည်။ သေမထူးနေမထူးစိတ်ဓာတ် ရှိသော ဂျပန်တို့သည် ကိုရီးယားအား လက်လွှတ်ဆုံးရှုံးရမည့်အတူတူ မြို့တွင်းရှိ စက်ရုံများ အဆောက်အဦးတချို့များအား ဖျက်စီးပစ်ကြသည်။ ဂျပန်တို့သည် အသီးတလှိုင်လှိုင်ရှိသော အပင်အား ပေးမည့်အစား သစ်ငုတ်တိုကိုသာ ထားခဲ့လိုခြင်း သဘောထား ဖြစ်သည်။

အပျက်အစီးအသေအကြေများသော စစ် တွင် ဘတ်ဟျွန်းသည် မြို့တွင်းတစ်ဝိုက် ပြေးလွှားလှုပ်ရှားနေခဲ့ရသည်။
ဒဏ်ရာ ရ လူနာများလာလေလေ ဆေးပြတ်လပ်ခြင်းများ ပိုလာလေလေဖြစ်သည်။ မဟာမိတ်တို့သည် လတ်တလောစစ်နိုင်ရေးကိုအာရုံစိုက်နေချိန်ဖြစ်၍ ဆေးအဖွဲ့များမှာကား အခါမလပ် အခက်အခဲတို့ကြုံတွေ့ရဆဲပင်ဖြစ်သည်။

တောင်ဂယောင်ဆောင်းမှ စီးပွားရေး လုပ်ငန်းရှင်များ ပြုံးယမ်းသို့ ခဏခဏရောက်လာသော ကာလတစ်ခုလည်းဖြစ်သည်။ အပြိုင်အဆိုင် လျှော့စျေးတို့ဖြင့်ရောင်းချနေကြသော စီးပွားရေး လုပ်ငန်းများအတွက် ဂျပန်အထက်ပိုင်းလူအများစု ပြာယာခတ်နေခဲ့သည်။

တစ်ရက်တွင် ဘတ်ဟျွန်းတာဝန်ထမ်းဆောင်နေသည့် ကမ့် သို့ မျက်နှာစိမ်းလူတစ်ယောက် ရောက်လာပြီး လိပ်စာတစ်ခုလာပေးသွားသည်။ ဟိုတယ်တစ်ခု ဖြစ်သည်။
တပြိုင်တည်းမှာ ပဲ ကိုကို ပြုံးယမ်းသို့ရောက်နေသည့် အကြောင်း ဘတ်ဟျွန်းကို အသိပေးသွားခဲ့သည်။
ဒဏ်ရာ ရ သူများအတွက် ဆေးများကို ဝေမျှအပြီး ညနေစောင်းမှာ ဘတ်ဟျွန်း လိပ်စာပါ ဟိုတယ်ဆီသို့ ထွက်ခဲ့လိုက်သည်။

Ab imo pectoreWhere stories live. Discover now