First Way Back Home

3.8K 791 24
                                    

လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဂျပန်တို့သည် တရုတ်ပြည်တောင်ပိုင်းဒေသဖြစ်သော မန်ချုးရီယားမြေကို ခြေချထားပြီး တရုတ်-ဂျပန်ဆက်ဆံရေးသည် တင်းမာနေပြီးဖြစ်သည်။
ဂျပန်သည် တရုတ်ပြည်တောင်ပိုင်း မီးရထားလမ်းများနှင့် ကုန်သွယ် ကုန်ထုတ် လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားခြင်းဖြစ်သည်။
၁၉၃၇ အစ တွင် ဂျပန်သည် တရုတ်နိုင်ငံကို တောင်ပိုင်းမှစ၍ တဖြေးဖြေးချင်းဝါးမြိုရန်ကြံစည်တော့သည်။
💬

၁၉၃၆ နိုဝင်ဘာ လ အစ တွင် ကိုကို့ဆီမှ စာတစ်စောင်ရောက်လာခဲ့သည်။ ဂျပန်တပ်တွေရဲ့အင်အား သည် ကိုရီးယားမြောက်ပိုင်းကို ထိန်းသိမ်းထား နိုင်ရန်လုံလောက်ကြောင်းနှင့်
ဘတ်ဟျွန်းသာ နိုင်ငံရေးမလုပ်တော့ဆိုတဲ့ ကတိပေးရင် သူက တောင်ပိုင်းသို့ ပြန်ခေါ်မည် ဖြစ်ကြောင်းကို တိုတို နှင့် လိုရင်း ရေးသားထားသည်။

ရှင်းလင်းသော စာကို သူ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဖတ်နေခဲ့ပေမဲ့ သူ မျှော်နေသည့် ပြန်လာခဲ့တော့ ဟူသော စကားတစ်ခွန်းမှ မပါခဲ့။ ဘတ်ဟျွန်း က နာကျင်စွာ ရယ်မိလိုက်သည်။ ကိုကိုသည် သူ့ရဲ့ ပင်ကိုစရိုက်အတိုင်း ပင် တစ်စက်လေးမှ အလျှော့မပေးခဲ့ပါ။

ဂျပန်တို့က ရှေ့တန်းမှ တရုတ်ကို သိမ်းဖို့ မဲနေချိန် တွင် အလစ်ပုန်ကန်ဖို့ ချောင်းနေကြသည့်ကိုရီးယားတော်လှန်ရေးအဖွဲ့တွေအတွက် ကိုယ့်နိုင်ငံလွတ်လပ် ရေးကို နောက်တန်းမှ ပြန်လည်တိုက်ခိုက်ယူဖို့ အချိန်ကောင်း ဖြစ်သည်။ ဆန္ဒပြ လူစုလူဝေး တွေ ခဏခဏဖြစ်သလို ဂျပန်ပိုင် စက်ရုံများ ၊ရုံးများ တွင် ပေါက်ကွဲမှုများ လည်း ကြိုးကြားမလပ်ဖြစ်ပေါ်နေသည်။
ဘတ်ဟျွန်းရှိရာ သိကြားစက်ရုံသည် ဘယ်နေ့ ဘာဖြစ်လာမလဲ အတပ်မပြောနိုင်ပါ။

ပျံကျစျေးနှင့်မဝေးသော ရပ်ကွက်တစ်ခုတွင် အိမ်အသေးလေးတစ်လုံးကိုငှားပြီး ဘတ်ဟျွန်းကတစ်ယောက်တည်းနေထိုင်သည်။ သိကြားစက်ရုံသည် ပိတ်ထားသည်မှာ ၂ လကျော်ပြီဖြစ်၍ ဘတ်ဟျွန်းသည် လုပ်စရာအလုပ်မရှိ။

ကိုကို ကို လိပ်မူ၍ ရေးထားသော စာစောင်များ ဘတ်ဟျွန်း၏ စားပွဲပေါ်တွင် ပုံနေပေမဲ့ တစ်စောင်မှ စာတိုက်ကို မပို့ဖြစ်ခဲ့။ ဘတ်ဟျွန်းသည် ဖြစ်နိုင်ရင် အပြေးပြန်ချင်ပါသည်။ အာလူးကိုပြုတ်ပြီး ဆားနဲ့တို့စားနေရတာထက်စာရင် အဘွားရဲ့ဆူပူသံတွေကြားမှာပဲ ထမင်းပူပူကို ဘဲဥချက်နှင့်စားချင်ပါသည်။ မြောက်ပိုင်းရဲ့အေးတဲ့ဒဏ်ကို လည်း မခံစားချင်တော့သလို၊ ပိုဆူညံတဲ့ သံချပ်ကားမောင်းသံတွေကိုလည်းမကြားချင်တော့ပါ။
သို့သော် ဘတ်ဟျွန်းသည် ကိုကိုတောင်းသော ကတိကိုတော့ တစ်သက်လုံးပေးနိုင်မည်မထင် ။

Ab imo pectoreWhere stories live. Discover now