Home: Naphthalene smell and Orange Marigold

3.8K 778 40
                                    

မီးလင်းဖို
ရေနံဆီ ဖန်မီးအိမ်
တံစက်မြိတ်က ဆီးနှင်းပျော်သံ
တိတ်ဆိတ်တဲ့ည ငြိမ်သက်တဲ့ဆောင်း
ပရုပ်လုံးနံ့သင်းသင်း ရောတဲ့ ကိုယ်သင်းနံ့ ...

💌

ပစ်ထားတဲ့သူ့ရဲ့အခန်းလေး က ဖုန်တွေတက်နေတဲ့အခါ ကိုကို က တကယ်သူ့ကိုစွန့်ပစ်ခဲ့တယ်လို့ ခံစားလိုက်ရသည်။
အနည်းဆုံးတော့ သန့်ရှင်းရေးလုပ်တဲ့ အလုပ်သမားတစ်ယောက်ယောက်ငှားရတာ ကိုကို့အတွက် ဘာများခက်ခဲတဲ့အလုပ်မလို့လဲ။

မကျေမလည်စိတ်မသက်မသာနဲ့ပဲ နှစ်နာရီလောက် ရေချိုးနေမိတယ်။
မျက်နှာက မီးသွေးတွေပြောင်ဖို့ တော်တော်လေးတိုက်ချွတ်ယူလိုက်ရတာကြောင့် သူ့ရဲ့ပါးပြင်တွေရဲတွတ်နေသည်။
အိမ်အနောက်က ပတ်ပြီး ခပ်နှေးနှေးလျှောက်လာတဲ့ အဘက ဘတ်ဟျွန်းဝတ်ဖို့ အဝတ်အစားတစ်စုံနဲ့ တံပတ်တစ်ထည်လာပေးသည်။

"ရှိရို နေစောင်းနေပြီ ခဏနေ အေးလာတော့မယ် သွက်သွက်လေးချိုးကွယ် "

ကျောက်တုံးတစ်တုံးနဲ့ ခြေဖမိုးတွေကို တိုက်နေရင်း သူ အဘကို ကြည့်မိတယ် ၊ အဘ ဟာ အသက် ၇၀ ဝန်းကျင်ပေမဲ့ ကျန်းမာနေတုန်းပဲ ။ ကိုကို့အနားမှာ သစ္စာရှိရှိ နေနေတုန်းပဲ ။ ဘွားဘွားကိုရုတ်တရက်လွမ်းလာသည်။
သူခုလို ညနေစောင်းရေချိုးကြာနေတာမြင်ရင် နားဝင်ဆိုးတဲ့စကားတွေနဲ့ ဆဲလောက်မဲ့ အကြောင်းတွေးမိတော့ ပြုံးလိုက်မိပါသည်။
သားအချစ် မြေးအနှစ် ဆိုသည့်အတိုင်း
သမီးအရင်းနှင့်သမက်ကို သေစာရင်းသွင်းကာ မြေးကို လူလားမြောက်အောင်ပျိုးထောင်ခဲ့သည် အဘွား သည် မာကျောသော ထက်မြတ်သော မိန်းမတစ်ယောက်ဖြစ်သည်။ ကိုကို့၏ ထက်မြတ်မှုများသည် ဘွားဘွား‎ဆီ မှ ဆက်ခံထားသည်ဟုထင်ရလောက်အောင် မြေအဘွားနှစ်ယောက်က တစ်မျိုးတစ်ပုံစံတည်းဖြစ်သည်။
ကိုကိုက နည်းနည်းပိုဆိုးပေမဲ့လို့ ...

"ရေချိုးပြီးရင် ကြက်ပေါင်းစွပ်ပြုတ်လေးသွားသောက်၊ ကုန်အောင် သောက်နော်၊ မင်းကိုကို ကိုယ်တိုင်ချက်ပေးထားတာ၊ မကုန်ရင်စိတ်ဆိုးလိမ့်မယ် "

ဘတ်ဟျွန်းက ခပ်တိုးတိုးရယ်ရင်း အဘကို ဟုတ်ကဲ့ ပါလို့ ခပ်ပြောင်ပြောင်ပြန်ဖြေလိုက်သည်။
ကျောက်ပြားတွေကြားက စီးသွားတဲ့ ရေတွေက မြေကြီးမြောင်းလေးတွေကတဆင့် ခြံထဲက ဘူးသီးပင် ၊ ခရမ်းချဉ် ပင်တွေရှိရာကို ပြေးလိမ့်သွားတယ်၊

Ab imo pectoreWhere stories live. Discover now