Korean War (June 25 1950- July 27 1953)

3.8K 790 51
                                    

၁၉၅၀ ဇွန်လ ၂၅ တွင် ကိုရီးယားမြောက်ပိုင်းသည် ဆိုဗီယက် ၏ အကူအညီဖြင့် ကိုရီးယားတောင်ပိုင်းသို့ စတင် ကျူးကျော်ခဲ့သည်။
💬

ရုပ်ရှင်ရုံများ ပြဇာတ်ရုံများ တွင် အားပေးကြည့်ရှုသူတို့ နေ့စဉ်မပြတ် ရှုပ်ယှက်ခတ် နေဆဲပင်ဖြစ်သည်။
ဇွန်လသည် မိုးအဆက်မပြတ်ရွာပြီး အမြဲလိုလို ထိုင်းမှိုင်းနေခဲ့သည်။ ခြံ၏ အရှေ့ဖက်ကထောင့်က ခြံစည်းရိုးများကို မိုးတိတ်နေတုန်းခဏ ကိုကိုနှင့် မာကျီက ပြုပြင်နေကြသည်။ ဘတ်ဟျွန်းသည် ငါးဖယ်များကို ကောင်းမွန်စွာ လုံးနယ် ရင်း တစ်ဖက်က ကင်ချီဟင်းရည် ကိုပါ အစပ်မပါပေမဲ့ ချဉ်ချဉ်လေးနှင့်သောက်ကောင်းရန် ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။ ကိုကိုသည် အစပ်လုံးဝ မစားနိုင်ပါ။

အချိန်သည် နေ့လည် ၁၁ နာရီဖြစ်သည်။
မြေအိုးထဲက အရောင်ခပ်ရင့်ရင့်ဟင်းရည်သည် ပွက်ပွက်ဆူနေကာ မုန်ညင်းဖက်လေးများကို ခုန်လှုပ်နေစေသည်။
အနံ့တွေ မလုံးထွေးနေစေရန်အလို့ငှာ မီးဖိုချောင်ထဲမှ ရှိသမျှပြတင်းတံခါးများကို ဖွင့်ထားရသည်။
တံစက်မြိတ်တွင် မိုးစက်လက်ကျန်များသီးနေကာ တစ်တောက်တောက်ကျနေဆဲပင်။ မိုးတိတ်သွားသော်လည်း နေသည် မထွက်လာသေးပဲ တိမ်မည်းများအောက် ပုံးကွယ်နေဆဲပါပင်။ အိမ်ရှေ့ဘက်ဆီက တူထု ရိုက်သံ ကို ခပ်မှန်မှန် ကြားနေရသည်။

ကိုကိုသည် အထားခံဆေးစိမ်သည့် ငါးသေတ္တာဘူးများ ၊ ပဲတို့ဟူးဘူးများ၊ အသားနှပ်ဘူးများကို နှစ်ခြိုက်နေသည့်အချိန် ဘတ်ဟျွန်းသည် နေ့လယ်စာ စားတိုင်း ပြောဆိုနေခဲ့ရသည်။ အသင့်စား အစားအသောက် များသည် ဘတ်ဟျွန်း မနှစ်သက်သောအရာများဖြစ်သည်။ ကျန်းမာ‎ရေးအတွက်လုံးဝ မကောင်းဟု သတ်မှတ်ထားသည်။ ကျက်တာ မကြာသေးသည့် ထမင်းသားသည် ကျစ်ကျစ်လျစ်လျစ် နှင့်ဖွေးစွတ်ကာ အငွေ့တထောင်းထောင်းထနေသည်။

နောက်တော့ ဘတ်ဟျွန်း ခြံထဲကို ဆင်းသွားလိုက်သည်။
မာကျီသည် တူတစ်ချောင်းကိုကိုင်ပြီး ခပ်ဆဆ နဲ့ သံချောင်းတွေကို နေရာတကျ ရိုက်နှက်နေစဉ်
ကိုကိုသည် အချိန်အဆ မလွဲစေရန် သစ်သားတိုင်ကို ထိန်းကိုင်ပေးထားသည် ။
မာကျီက တူကို အရှိန်နဲ့အားပါပါ တစ်ချက်လွှဲလိုက်တိုင်း
သစ်သားတိုင်ကို ထိန်းကိုင်ပေးထားသော ကိုကို့လက်ချောင်းဖွေးဖွေးများကိုကြည့်ကာ ဘတ်ဟျွန်းအသည်းယားရပါသည်။
မတော်လို့ ကိုကို့လက်ကို ထုမိမှဖြင့် ။

Ab imo pectoreWhere stories live. Discover now