Second Way Back Home

3.6K 771 51
                                    

ပိုးစုန်းကြူး
ခုနှစ်စင်ကြယ်
မေပယ်ရွက်ဝါကြွေ
မိုးအကုန် သင်းတဲ့ မြေနံ့
ဓာတ်ပြားစက်ရဲ့အဆွေးသံစဉ်
ညာဖက်ထောင့် အပေါ်နှုတ်ခမ်းအထက်နားက မှဲ့
လှည်တိုင်ပေါ်ကမှဲ့
ဘယ်ဖက်နားရွက်လေးပေါ်က မှဲ့
ဘယ်ဖက် လက်မ ထိပ်နား က မှဲ့ ...

💬

နေရောင်မထိုးတဲ့ မနက်ခင်းမှာ ဘတ်ဟျွန်းနိုးထလာခဲ့ပြန်တယ်။ အချုပ်ထဲမှာ ၁၆ ရက်ရှိနေပြီဖြစ်သည်။
ချည်ထည်ပိတ်စ အဖြူဝတ်စုံသည် အဖြူရောင်မဟုတ်တော့သလို အိုးမည်းတွေ အမြဲသုတ်လိမ်းထားရသော မျက်နှာသည် အိုးမည်းနဲ့တသားတည်းတောင်ဖြစ်နေလောက်ပြီ။

ယနေ့ အချုပ်တွင်းသို့ လူသစ်များရောက်လာသည်။ အဖွဲ့အစည်းမရှိ သော အရပ်သားများသာဖြစ်သည်။
မနက်တွင် ပေါက်စီတွေလာပေးသည်။
ပေါက်စီမြင်တိုင်း အန်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

နေ့လည်တွင် ဂျပန်စစ်သားနှစ်ယောက် အချုပ်တွင်းသို့ဝင်လာကာ အကျဉ်းသားများ၏ မျက်နှာကို တစ်ယောက်ချင်းစီလိုက်စူးစမ်းနေသည်။
သိပ်မကြာလိုက် အသားဖြူစွတ်နေသည့် ခန္ဓာကိုယ် သေးသေးကောင်လေးတစ်ယောက် ကိုတွေ့သောအခါ ထိုကောင်လေးကို ခေါ်ထုတ်သွားကြသည်။
ဘတ်ဟျွန်း ဒါကိုမြင်တော့ မလုံမလဲနဲ့ အိုးမဲတွေထပ်သုတ်ထားလိုက်ရသည်။
(ယောကျားတွေတောင်အလွတ်မပေးဘူး) ဆိုသော စကားများနားထဲပြန်ကြားမိလာသည်။
အသေသာခံမယ် ၊ အဲ့လိုတော့ လုံးဝ အဖြစ်မခံချင်ပါ။

သိပ်မကြာလိုက် စောနက စစ်သားနှစ်ယောက်ပြန်ရောက်လာပြီး ခေါ်သွားသော ကောင်လေးကို အချုပ်ခန်းကြမ်းပြင်ပေါ် ပြန်ပစ်ချလိုက်သည်။ နောက်တော့ လူတွေရဲ့မျက်နှာကို တစ်ယောက်ချင်းစီ သေချာလိုက်ကြည့်ပြန်သည်။ စျေးထဲမှာ ကြက် ငါး အသားဝယ်သလို စစ်နေသော နှစ်ယောက်ကို မြင်သောအခါ ဘတ်ဟျွန်း ကိုယ့်စိတ်ကိုယ်တောင်မလုံ ဖြစ်လာသည်။
နောက်တော့ ဂျပန်ကောင် နှစ်ယောက်သား တိုးတိုးတိတ်တိတ် ပြောပြီး အချုပ်ခန်းထဲက ပြန်ထွက်သွားကြပြန်သည်။

ဘတ်ဟျွန်းက အခုမှသက်ပြင်းချရင်း ဘေးက ကောက်ရိုးတွေပေါ် ပြန်လှဲချနိုင်တော့တယ်။

Ab imo pectoreWhere stories live. Discover now