Second Sino-Japanese War (1937 July 7- 1945 Sept 9)

3.6K 747 13
                                    

စစ်မဖြစ်ရ ဟူသော တရားဝင်တားမြစ်ခြင်းသည် ကမ္ဘာ မြေတွင်မတည်ရှိပါ။ သို့သော် စစ်ပွဲတစ်ပွဲတွင် လိုက်နာရမည့် နိယာမသဘောတရားများတော့ရှိသည်။ မကြေငြာသော စစ်ကို လုပ်ဆောင်သူသည် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။
၁၉၃၇ ဇူလိုင်လ မှာဖြစ်တဲ့ မာကိုပိုလိုတံတား အခင်းနှင့် အစပြုကာ တရုတ်-ဂျပန် ကာလရှည်စစ်ပွဲကြီးစသည်။ ဒုတိယကမ္ဘာစစ် ၏ မြစ်ဖျားတည်ရာ ဆိုလည်း မ မှား။
ဂျပန်တွေသည် ခြေကုပ်ယူထားရာ မန်ချူးရီးယားမြေမှ တဆင့် တရုတ်ပြည်၏ ရှန့်ယမ်း ၊ အတွင်းမွန်ဂိုလီယား၊စွေ့ယမ်၊ ရှန်ဒုံ၊ ဟန်ကော၊ ပေပင်း (ဘေကျင်း)၊ရှန့်ဟိုင်း၊ နန်ကျင်း၊ ကန်တုံ(ကွမ်ကျိုး)၊ ချုံကင်း(ချုံချင်း)၊ စွမ်ချမ်(စီချွမ်း) အစရှိသည့် အနောက်ပိုင်းနှင့်မြောက်ပိုင်းအရပ်များကို ဖိတိုက်ကာ တစ်ဖြေးဖြေးချင်းသိမ်းပိုက်သည်။
တရုတ်ပြည် မဟာမိတ်နှင့်အထောက်အကူမရစေလိုခြင်း အလို့ငှာ (၁၉၄၀ ပြင်သစ် သည်ဂျာမန်လက်အောက်ရောက်ပြီးနောက်) ဂျပန်သည် ဖရန့်အင်ဒိုချိုင်းနားအစုကို အလွတ်မပေးသလို ၊
ဗြိတိသျှ ကိုလည်း မြန်မာပြည်မှ ကူမင်းသို့ပေါက်သော လမ်းအား ပိတ်ထားစေဖို့ မြူဆွယ်သေးသည်။
၁၉၄၁ တွင် ဖြစ်သော စစ်ကြေညာ ခြင်းမထုတ်သည့် ပုလဲဆိပ်ခံအား ဗုန်းကျဲခြင်းသည် သမိုင်းတွင် ဂျပန်ကိုအရှက်ရစေမည့် ယုတ်မာစဉ်းလဲခြင်းကိစ္စရပ်တစ်ခုဖြစ်သည်။

💬

၁၉၃၇ ဩဂုတ်လ ၊ တောင်ဂယောင်ဆောင်းမြို့၊ ကိုရီယား။

မေမေသည် ညဉ့်နက်ချိန်တွင် အိမ်သို့ ပုန်းကွယ်ဝင်ရောက်လာသည်။ မေမေနှင့်ပါလာသော သတင်းဆိုးတစ်ခုရှိသည်။ မေမေ့ရဲ့ခင်ပွန်းဖြစ်သူ ချန်ယော၏ အဖေအရင်း သည် တရုတ်-ဂျပန်စစ်ပွဲတစ်ခုတွင် ပျောက်ဆုံးသွားပြီဖြစ်ကြောင်းပင်။
နာမည်ရေးထိုးထားသော သစ်သားပြားတစ်ပြားကို မေမေသည် ချန်ယောလက်ထဲသို့ထိုးထည့်ပေးသည်။ ချန်ယော၏ မျက်နှာအမူအယာသည် ဝမ်းနည်းခြင်းမရှိ၊ ဝမ်းသာခြင်းမရှိ။

ဘွားဘွားသည် မြေးမျက်နှာကိုသာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေခဲ့သည်။
ဘတ်ဟျွန်းကတော့ မေမေပေးသော လိပ်စာတစ်ခုကို ခပ်ကျစ်ကျစ်ဆုပ်ထားရင်း ငြိမ်သက်နေမိသည်။ လတ်တလောတွင် သူသည် ပုန်းလျှိုးကွယ်လျှိုး ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများလုပ်နိုင်နေသော်လည်း
အကယ်၍ များ ဂျပန်စစ်သားများ၏ဖမ်းဆီးခြင်းခံခဲ့ရလျှင် ဦးဆုံးထိခိုက်မည်မှာ ချန်ယောနှင့်ဘွားဘွားသာဖြစ်သည်။ ဖြစ်နိုင်လျှင် မေမေနှင့် ယနေ့ချက်ချင်းလိုက်သွားချင်ခဲ့သော်လည်း ဘွားဘွားရဲ့ကျန်းမာရေးချို့ယွင်းလာမှုတွေကြောင့် ကြန့်ကြာနေခဲ့ပြန်သည်။

Ab imo pectoreWhere stories live. Discover now