World War 2

3.6K 758 13
                                    

၁၉၄၁ ဂျာမန်သည် ဆိုဗီယက်နှင့် တိုက်ပွဲများစနေပြီဖြစ်သည်။ တရုတ်-ဂျပန် စစ်သည်လည်းအရှိန်မလျော့။
ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ ဂျပန်က ပုလဲဆိပ်ခံကို စစ်ကြော်ငြာခြင်းမပြုပဲ ဗုန်းကြဲသည်။ ဤ အချင်းအရာသည် အမေရိကား ကို ဒုတိယကမ္ဘာစစ် အတွင်းသို့ဝင်ရောက်လာစေသော အ‎ကြောင်းရင်းပင်ဖြစ်သည်။
ထိုအချိန်တွင် အမေရိကား၊ ဆိုဗီယက်၊တရုတ်သည် မဟာမိတ်ဖွဲ့စည်းသည်။
တငွေ့ငွေ့ဖြစ်နေသော မီးသည် အရှိန် ပြင်းပြင်း စတင် လောင်ကျွမ်းပြီဖြစ်သည်။

💬

ဘတ်ဟျွန်းသည် သေနတ်ကိုင်စစ်သား တစ်ယောက်မဟုတ်ပါ။ စာရင်းများကို စစ်ရသော အကူတပ်သားတစ်ယောက်အဖြစ် အင်အားဖြည့်ရခြင်းဖြစ်သည်။သို့သော် မိမိကိုယ်ကိုကာကွယ်နိုင်ရန်အတွက် လေ့လာရတာမျိုးတော့ရှိသည်။

ဂယောင်ဆောင်း မြို့ပေါ်ကနေ ခွာပြီး တခြားမြို့တွေဆီ သွားနေရတာမျိုးတွေရှိတတ်သည်။ တစ်ခါတစ်လေ သုံး/လေး ရက်မှ တစ်ခါတစ်လေ ၃/၄ လထိ ကြာသည်အထိရှိသည်။
တကယ်တော့ တော်လှန်ရေးတပ်အချင်းချင်းတောင် တစ်ပါတီစနစ်အသားပေးအဖွဲ့ နဲ့ မျိုးချစ်အဖွဲ့အစည်း ဟူ၍ အမျိုးမျိုးကွဲပြားနေခြင်းတွေကြား၊ လှမ်းရသောခြေလှမ်းများသည် ရှေ့သို့မရောက်လှပေ။
ဘတ်ဟျွန်းပတ်ဝန်းကျင်မှ ခေါင်းဆောင်များ က ကိုကို့အကြောင်းကို မကောင်းသည့်ဖက်မှ ဝေဖန်သည်များရှိသည်။ အများစုက ဘတ်ဟျွန်းနှင့်ကိုကို့ရဲ့ ပက်သတ်မှုကိုမသိကြပါ။
ခေါင်းမာသော ၊ အတ္တကြီးသော ဂျပန်တွေရဲ့မိတ်ဆွေ
ပတ်ချန်ယော အဖြစ် ၊ ကိုကိုသည် မျိုးချစ်လူငယ်များကြား လူမုန်းများနေခဲ့သည်။သို့သော် ကိုကို ဂရုမစိုက်ဘူးဆိုတာ ဘတ်ဟျွန်းသိပါသည်။ အဘယ်ကြောင့် ဆိုသော် ကိုကို့၏ ပတ်ဝန်းကျင်တွင် မကောင်းသတင်းအားပြောဝံ့မည့်သူမရှိ၍ ဖြစ်သည်။ ကိုကို့ အနားတွင် ဂျပန်တို့သည် သေနတ်ကိုပင်မထုတ်ရဲသလို ၊ ကိုရီးယားလူမျိူး တို့သည်လည်း မျက်လုံးပင်ဝင့်မကြည့်ရဲ။

ပထမ လ များတွင် သူ သည် ဒိုင်ယာရီစာအုပ်တစ်အုပ်ထား၍ ပုံမှန်ရေးဖြစ်သေးသည်။ အများစုကတော့ နေ့လည်စာအကြောင်းနှင့် ရာသီဥတုအကြောင်းများဖြစ်သည်။ လမ်းဘေးကြောင်လေးတစ်ကောင်ကို အစားပုံမှန်ကျွေးမိနေကြောင်းကိုပင် ထည့်ရေးခဲ့သေးသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးတစ်ပါး တိတ်တိတ်လေးလာပေးသည့် ဆန်မုန့်များစားလို့ကောင်းသည့်အကြောင်းလည်း သူထည့်ရေးသည်။
နောက်တော့ အလုပ်တွေပိုများလာတာကြောင့် ဆက်မရေးနိုင်တော့ ။
လွတ်လပ်ရေးအငွေ့အသက်များသည် ရပ်ကွက်များထဲမှ မီးခိုးငွေ့များလို ပေါ်လာလိုက် ပျောက်သွားလိုက်နှင့်
အတည်တကျဖမ်းဆုပ်၍ မရခဲ့ပါ။

Ab imo pectoreWhere stories live. Discover now