North Korean abductions of South Koreans

3.2K 747 20
                                    

၁၉၅၀ ဇွန်လ ၂၉ ရက် ၊ ဆိုးရ် ၊ ကိုရီးယား ။

အချိန်က ည နက် သန်းခေါင်ချိန်ဖြစ်သည်။
ဘတ်ဟျွန်း နလံပြန်ထူလာတာနဲ့ ချန်ယောက လိုအပ်သည့်ပစ္စည်းများကို ထုတ်ပိုးကာ ဆိုးရ်ကထွက်သွားဖို့ ခရီးစဉ်ဆွဲနေသည်။ ချန်ယော ၏ပခုံးထက်မှ ဒဏ်ရာသည် များလွန်းသောကြောင့် ပတ်တီးတို့ထက်တွင် သွေးတို့နီရဲနေဆဲပင်ဖြစ်သည်။မီးရောင်ဖျော့ဖျော့အောက် တွင် ချန်ယောမျက်နှာထက်မှာပြေးလွှားနေသာ စိတ်လှုပ်ရှားမှုအရိပ်အယောင်တို့ကိုအထင်းသားမြင်ရသည်။ အခန်းထောင့်တွင် ဘတ်ဟျွန်းသည် အစီအစဉ်ဆွဲနေသည့်ချန်ယောနှင့်မာကျီကိုသာ ငြိမ်ငြိမ်လေးထိုင်ငေးနေခဲ့သည်။

ကိုကို၏အစီအစဉ်သည် နဂိုက အဘရှိရာ မော့ပိုဖက်က ကမ်းခြေရွာလေးတစ်ရွာသို့တိမ်းရှောင်နေရန်ဖြစ်သော်လည်း
မြောက်ကိုရီးယားလူထုတပ်ထဲ ဆိုးရ်မြို့ ကျ သွားသည့်အခါ ထိုအစီအစဉ်သည် အလုပ်မဖြစ်တော့။
ကိုကို၏အစီအစဥ်အသစ်သည် အဖြူမိတ်ဆွေတို့နှင့် တိတ်တဆိတ်ဆက်သွယ်ကာ ဘူဆန်ဆိပ်ကမ်းသို့သွားပြီး အမေရိကန်လူမျိုးများကို သယ်ပို့နေသော သင်္ဘော ဖြင့် ဂျပန်နိုင်ငံသို့ ခေတ္တတိမ်းရှောင်ရန်ဖြစ်သည်။

"ဘတ်ဟျွန်း သက်သာလား "

ချန်ယောက  ရှေ့သို့တိုးလာပြီး ဘတ်ဟျွန်း ရဲ့ နဖူးပေါ်ကို လက်ဖမိုးနဲ့တစ်ချက်ထိတွေ့လို့ ကိုယ်အပူချိန်တစ်ချက်စမ်းစစ်သည်။

"ပူနေတုန်းပဲကွာ "

စိတ်တိုင်းမကျဟန်နဲ့ ကိုကို က နဖူးက တဆင့် ပါးပြင်တွေနဲ့လည်ပင်းတွေကိုပါ အသာ ထပ်စမ်းသည်။ ကိုကို့မျက်နှာမှ စိုးရိမ်ရိပ်တို့သည် ဖုံးဖိထားမရစွာ ၊

"ကျွန်တော်အဆင်ပြေပါတယ် စိတ်မပူပါနဲ့ "

"စိတ်မပူပဲ ဘယ်လိုလုပ်နေနိုင်ပါ့မလဲ"

ကိုကို က ဘတ်ဟျွန်း ရဲ့ အင်္ကျီ ရင်ဘတ်ကို သေသေချာချာပြန်ဆွဲစေ့ပေးလိုက်ကာ

"အခုပြန်အိပ်လိုက်ဦး ၊ မနက် ၃ နာရီလောက်ကျ ဒေးဗစ်တို့ လာခေါ်မှာ အဲ့ကျ ကိုကို နှိုးလိုက်မယ် "

Ab imo pectoreWhere stories live. Discover now