Seoul Hospital Massacre

3.4K 788 28
                                    

၁၉၅၀ ဇွန်လ ၂၈
ဆိုရ်းအမျိုးသားတက္ကသိုလ်ဆေးရုံတွင် ဆရာဝန် သူနာပြု များအပါအဝင် အတွင်းလူနာအားလုံး အစုလိုက်အပြုံလိုက် အသတ်ခံရခြင်း။

၁၉၅၀ ဇွန်လ ၂၈ မနက် ၂ နာရီခွဲ ဟန်မြစ်တံတားအားဖောက်ကွဲပစ်ချိန်တွင် တံတားပေါ်တွင်ဖြတ်သန်းနေသော ဒုက္ခ ရောက် စစ်ဘေးရှောင်ပြည်သူတို့များစွာရှိနေခဲ့သည်။ လူပေါင်း ၈၀၀ ကျော်သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း
မည်သူမျှ ထိုအရာမှန်သည် မှားသည် မသိနိုင်ခဲ့။
စစ်ကိုကြောက်၍ ရှောင်ခဲ့သော ပြည်သူတို့သည် ထိုသို့ဆိုးဝါးစွာ အသက်ဆုံးရှုံးခဲ့ကြသည်။ ရင်နင့်စရာအဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။

မြောက်ကိုရီးယားစစ်တပ်ကို တားဆီးရန် လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးသည် မအောင်မြင်ခဲ့ပါ။ ၂၈ ရက်နေ့ တွင် မြောက်ကိုရီးယားတပ်တို့သည် မြစ်ကိုဖြတ်၍ ဆိုးရ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အမေရိကန်တို့သည် ကိုရီးယားနေ အမေရိကန်လူမျိုးအမျိုးသမီးနှင့်ကလေး ဦးစားပေး၍ သင်္ဘောများဖြင့် ဘူဆန်မှတဆင့် ဂျပန်သို့ ပြန်ပို့ရန် ကြံစည်ရတော့သည်။
မြောက်ပိုင်းတပ်တို့သည် ဆိုးရ်ကိုသိမ်းပြီးသည်နှင့် တောင်ပိုင်းတစ်ပိုင်းလုံးကို ပြန်လည်သိမ်းယူပေါင်းစည်းကာ ဆိုဗီယက်ရုရှား၏အကူအညီဖြင့် ကိုရီးယားတစ်နိုင်ငံလုံးကို ကွန်မြူနစ်ဝါဒ ဖြင့်အုပ်ချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
💬

၁၉၅၀ ဇွန်လ ၂၈ ၊ ဆိုးရ်၊ ကိုရီးယား ။

ချန်ယောနှင့်ဘတ်ဟျွန်း ညတွင်းချင်းရှောင်တိမ်းမည့် အကြံအစည် သည် မအောင်မြင်ခဲ့ပါ။
ဘတ်ဟျွန်းသည် ရုတ်တရက် အဖျားကြီးကာ ဗုန်းဗုန်းလဲကျသွားသည့်နောက် ချန်ယောသည် ညသန်းခေါင်ချိန် ဆရာဝန်တစ်ယောက်ကို အိမ်သို့ပင့်၍ ကုသစေခဲ့ရသည်။ ဘတ်ဟျွန်း၏ ခန္ဓာကိုယ် တစ်ခုလုံးပူကျစ်ကာ အဖျားသည်လုံးဝမကျပဲ တစ်ညလုံး ကယောင်ကတမ်း နှင့် ညီးတွားနေခဲ့သည်။
အထိတ်တလန့်ဖြစ်သွားသော အခြေအနေများနှင့် မိုးမိထားသည့် အရှိန်များ ၊ ခြေထောက်မှစုတ်ပြဲဒဏ်ရာများ တို့အကုန်ရောထွေးသွားကာ အခြေအနေသည် ထိုမျှဆိုးဝါးသွားခြင်းဖြစ်သည်။

Ab imo pectoreWhere stories live. Discover now