Cairo Conference (1943 Nov 22-26)

3.7K 791 33
                                    

၁၉၄၂ သည် ဂျာမန်တို့အတွက် ရှုံးပွဲမရှိသော စစ်ပွဲများ၏ အချိုးအကွေ့နှစ် တစ်နှစ်ဖြစ်သည်။ ဥရောပတစ်ခုလုံး ကို သိမ်းပိုက်ထားနိုင်သော နာဇီတို့သည် ၁၉၄၂ နွေရာသီအထိ ခေါင်းမော့ရင်ကော့နိုင်ဆဲပင်။ သို့သော် ရုရှားနိုင်ငံ၏တောင်ဘက်ပိုင်းမြို့တစ်မြို့ဖြစ်သည့် စတာလင်ဂရက် မြို့ကို သိမ်းမည့် ဟစ်တလာ ၏ ဆုံးဖြတ်ချက်သည် ကမ္ဘာ တွင် သမိုင်းတွင်စေမည့် နာဇီကျဆုံးခန်း ကို ဦးတည်စေခဲ့သည်။ မီးဟုန်းဟုန်းတောက်နေသော ကမ္ဘာကြီးကို တားဆီးရန် ၁၉၄၃ ၌ နိုင်ငံ့ခေါင်းဆောင်တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ငြိမ်းချမ်းရေးညီလာခံကိုကျင်းပသည်။ ထိုညီလာခံတွင် တရုတ် ၊ ဆိုဗီယက် ၊ အမေရိကန်ခေါင်းဆောင်တို့က နယ်ချဲ့ဂျပန် ကိုတိုက်ထုတ်၍ အာရှ၏ ငြိမ်းချမ်းရေး ကိုပြန်လည်ယူဆောင်ပေးမည်ဟုသော အချက်တစ်ခုကိုပါထည့်သွင်း သဘောတူဆွေးနွေးခဲ့ကြသည်။ ကိုရီးယားနိုင်ငံသည် ဂျပန်ကိုလိုနီတို့လက်မှ ကယ်ဆယ်ရမည့် နိုင်ငံတစ်ခုအပါအဝင်သာဖြစ်သည်။
ဆိုဗီယက်ရုရှားတို့ သည် ၁၉၄၅ မေလ တွင် ဂျာမန်စစ်တပ်ကို အနိုင်ရခဲ့ကာ ၃ နှစ်တာ စစ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ထို့နောက် ဆိုဗီယက်(ရုရှား)သည် တရုတ်ကို မဟာမိတ်ပြုကာ မန်းချူးရီးယားမြေကိုသိမ်းယူထားသော ဂျပန်တို့ကို တိုက်ထုတ်သည်။
💬

၁၉၄၂ ဇန်နဝါရီလ ၁၃ ၊ တောင်ဂယောင်ဆောင်း ၊ ကိုရီးယား ။

ဆောင်းရာသီမို့ နေထွက်ချိန် နောက်ကျ နေသည်ဟု ထင်ရသည်။ အဘသည် သူ၏ ငါးခြောက်နှင့်အသားခြောက်များ ထုတ်လှမ်းရန် တာဆူနေပြီဖြစ်သည်။ အဘက ခြံတွင်းက ကွပ်ပစ်ကျယ်ကျယ်တွင် ယက်လက်စ နှီးတောင်းအကြီးကြီးတစ်လုံးကို စိတ်ရှည်လက်ရှည် သပ်သပ်ရပ်ရပ် ယက်နေသည်။
အိပ်ရေးဝဝ အိပ်ထားရ၍ စိတ်ပျော်နေသော ဘတ်ဟျွန်းသည် အဘ ၏ ဘေးတွင် ခြေပစ်လက်ပစ်ထိုင်ကာ နှီးများကို ဓားပါးပါးလေးဖြင့် အချောသတ်ပေးနေမိသည်။

" ချက်ချင်းကြီးပြန်သွားဖို့မတွေးပဲ ၊ အိမ်မှာ ခပ်ကြာကြာနေပါလား "

အဘသည် မဝံ့မရဲစိတ်မသက်မသာနဲ့တောင်းဆိုလာတဲ့အခါ ဘတ်ဟျွန်းက လက်ထဲမှ ဓားကို ခဏ ချရင်း ခပ်လှမ်းလှမ်း ရှိ ခြံတံခါးကို ငေးမောကြည့်မိလိုက်သည်။
ကိုကိုသည် မနက်စောစောထကာ အပြင်သို့ထွက်သွားပြီဖြစ်သည်။

Ab imo pectoreWhere stories live. Discover now