Part 1

14.5K 690 8
                                    

Zawgyi

''ဘာ ချွင်မြို့မှာ ဟုတ်လား''

''ဟုတ်ကဲ့ခင်ဗျ မယ်တော်ကြီး စုံစမ်းခိုင်းထားတဲ့သူတွေက စီးပွားရေးပျက်ပြီး ချွင်မြို့မှာ နာမည်ပြောင်းပြီး နေထိုင်ကြလို့ ကျွန်တော်တို့စုံစမ်းလို့မရခဲ့တာပါ နောက်ပြီး အဲ့လူတွေက ချွင်မြို့တွင်းမှာမနေကြဘူး မယ်တော်ကြီး မြို့ပြင်မှာ နေကြပါတယ် မယ်တော်ကြီး''

''သူတို့နေတဲ့နေရာရောသိခဲ့လား''

''ဟုတ်ကဲ့ သိခဲ့ပါတယ်''

''အဲ့ဆို အခုချက်ချင်းသွားမယ် လိုအပ်တာတွေအကုန်ပြင်ဆင်ခိုင်းလိုက်''

''ဟုတ်ကဲ့ ကျွန်တော့်ကို ခွင့်ပြုပါအုန်း မယ်တော်ကြီး''

''အင်းအင်း''

ကိုယ်ရံတော်ချူထွက်သွားတာနဲ့ မယ်တော်ကြီးလည်း အတိတ်က နေ့ရက်တွေကို ပြန်စဉ်းစားမိတယ်။

အရင်တုန်းက မယ်တော်ကြီးတို့မိဘတွေကဆင်းရဲတယ်။ မယ်တော်ကြီး အရမ်းချစ်ရတဲ့သူငယ်ချင်းမိသားစုက မယ်တော်ကြီးကို သူတို့သမီးလိုအရမ်းချစ်ပေးပြီး သူတို့သမီးနဲ့နည်းတူ နိုင်ငံခြားမှာပါ ပညာသင်ပေးတယ်။
မယ်တော်ကြီး ပညာသင်နေစဉ်ကာလအတွင်း အိမ်ရှေ့စံမင်းသားနဲ့ချစ်ကျွမ်းဝင်ပြီး အိမ်ရှေ့စံမင်းသမီးဖြစ်လာခဲ့တယ်။
လက်ထပ်ပြီးနောက်ပိုင်း မယ်တော်ကြီးနဲ့သူ့ သူငယ်ချင်းတို့က အဆက်အသွယ် ရှိကြပေမယ့် လွန်ခဲ့တဲ့ ၁၈နှစ်လောက်ကစပြီး လုံးဝကိုအစအနပျောက်သွားတယ်။
စီးပွားရေးပျက်သွားတယ်ဆိုတာသိပေမယ့် လိုက်ရှာတော့လည်း ရှာမတွေ့ခဲ့ဘူး အခုတော့ရှာတွေ့ခဲ့ပြီ သူနေထိုင်တဲ့မြို့တော်ကြီးနဲ့ ဝေးလွန်းတဲ့မြို့မှာနေထိုင်နေတဲ့လား။

မယ်တော်ကြီး သူ့ သူငယ်ချင်းရှောင်းရင်ကိုတွေ့ချင်တဲ့စိတ်ကြောင့် ဘယ်သူ့မှမပြောဘဲ  ချွင်မြို့ကိုအမြန် လေယာဉ်နဲ့လာခဲ့တယ်။

ချွင်မြို့ကိုရောက်တော့ နားတောင်မနားဘဲ ရှောင်းရင်ရှိကို ထွက်လာခဲ့တယ်။
ရှောင်းရင်ကို တွေ့ချင်တာကြောင့် ရောက်တာနဲ့ ကားပေါ်က အမြန်ဆင်းပြီး သူတို့အိမ်ပေါ်တက်သွားမိတော့ ကုတင်ပေါ်မှာ လှဲလှောင်းနေတဲ့ ရှောင်းရင် မျက်နှာကသွေးရောင်တောင်မရှိတော့ဘူး ဖြူဖက်နေပြီး အရမ်းလည်း ပိန်ကျသွားတယ်။

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Where stories live. Discover now