Unicode.
ကျွန်တော်အိပ်ယာကနိုးလာတော့ ခ ကျွန်တော်ဘေးတွင်မရှိတော့။ရုံးပိတ်ရက်ဖြစ်သော်လည်းခ ကစောစောစီးစီးအိပ်ယာထသွားသည်။ထုံးစံအတိုင်း မနက်စာပြင်ဆင်နေခြင်းဖြစ်မည်ဟုတွေးရင်း အိပ်ယာမှထကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။အိပ်ယာထထချင်း ခ ဆီသွားပြီး Morrning Kiss သွားပေးချင်သော်လည်းမသွားရဲ။မျက်နှာမသစ်ဘဲ သွားနမ်းလျှင် ကိုယ်တော်ချောက ကိုင်ထားသော ယောက်မနှင့် ခေါက်လွှတ်မည်ကိုကြောက်ရသည်။
ခ ကရုံးပိတ်ရက်များတွင် ထမင်းချက်အဒေါ်ကြီးအားမလာရန် မှာထားပြီး သူကိုယ်တိုင်ချက်ပြုတ်၏။ခ မီးဖိုချောင်ဝင်သည်ဆိုမှ သတိရသည်။ကျွန်တော် ဒီနေ့သက်သက်လွှတ်စားရမည့်နေ့ပါလားဟုပင်။
ဟုတ်ကဲ့....
ခ မီးဖိုချောင်ဝင်လျှင် ကျွန်တော်အသီးအရွက်ရောင်စုံနှင့်သက်သက်လွှတ်စားရပါတော့သည်။ခ ကအသားငါးလုံးဝမစား။အနံ့ပင်မခံနိုင်သူ။ကျွန်တော်အသားဟင်းစားမိသောနေ့များတွင်အထိခံဖို့မပြောနှင့် အနားပင်အကပ်မခံတော့။ကျွန်တော်ကတော့ ခ နှင့်ဆန့်ကျင်စွာပင် အသားငါးကလေးမှမပါလျှင် ထမင်းစားမဝင်သူ။အင်မတန်လိုက်ဖက်ညီစွာ ညားထားကြသည်ပေါ့။
ဒါပေမယ့် ချစ်ကြတော့လည်း အချင်းချင်းနားလည်းမှုယူပြီး နေလာကြတာ တစ်နှစ်ခန့်ရှိပါပြီ။
သွားတိုက်ပြီးတော့ လက်ဝါးဖြန့်ကာ ပါးစပ်နားသို့ကပ်ခါ ဟားခနဲ လုပ်လိုက်ပြီး
"ပြီးပြီ"
ရေရွတ်လိုက်ပြီး အခန်းပြင်သို့ထွက်လာခဲ့သည်။မီးဖိုထဲတွင် Apronလေးခါး၌စီးကာ ချက်ပြုတ်ကြော်လှော်နေသော ခ ကျောပြင်လေးကိုလှမ်းမြင်ရသည်။
နောက်ဘက်မှဝင်လာ၍ ခ ခါးလေးကိုဖွဖွတိုးဖက်ရင်း အမြဲမွှေးပျံ့နေသော ခ ကိုယ်သင်းရနံ့လေးကိုတဝရှူရှိူက်လိုက်၏။
"Morrning ခ"
"အင်း ဘာလို့အစောကြီးထလာတာလဲ"
ခ ပခုံးပေါ်သို့ မေးတင်လိုက်ကာ
"ခ မှကိုယ့်ဘေးမရှိတော့တာ"
"အပိုတေ"
နေ့တိုင်း ရုံးချိန်နီးမှကပြာကယာထတတ်သောကျွန်တော့်အကြောင်းသိစွာပင် ခ ကဘုတောတော့သည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Short StorySWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.