Unicode.
"ဉာဏ်...လေးနာရီခွဲနေပြီထတော့"
ရင်ခွင်ထဲမှတလှုပ်လှုပ်နှင့်ထရန်ပြင်ရင်း ကျွန်တော့်ကိုနှိူးနေသော ခ ကြောင့်နိုးလာရသည်။
"ငါးနာရီမှလာခေါ်မှာမလား ခ ရယ်၊ခဏလောက်ထပ်အိပ်ရအောင်ကွာ၊ကိုယ်အိပ်ချင်သေးတယ်"
ထရန်ပြင်နေသော ခ ကိုရင်ခွင်ထဲသို့ပြန်ဆွဲချရင်း ထပ်အိပ်ရန်ပြင်လိုက်သည်။
"အာ....ထပ်မအိပ်နဲ့တော့ ဉာဏ်ရ၊နာရီဝက်ပဲလိုတော့တာကို၊ထတော့ Companyကကားရောက်လာရင် အဆင်သင့်ဖြစ်အောင်ပြင်ထားရမယ်၊ကိုယ့်အတွက်နဲ့စောင့်ခိုင်းရရင်အားနာစရာကောင်းတယ်၊ထတော့...."
"10minလောက် ထပ်အိပ်ပါရစေကွာ....နော်၊10minပဲ"
"ထတောဆို...ဉာဏ့်...၊နောက်မှပြန်အိပ်ကွာ၊အခုထတော့နော်၊ဒီနေ့ပဲဥစ္စာ"
"အင်.........အင်း.အင်း၊ထပြီ"
ချော့မော့ကာနှိူးနေသော ခ ကြောင့်မထချင်သေးသော်လည်းထထိုင်လိုက်ရသည်။ရန်ကုန်မှာတုန်းကတော့ ပုဂံရောက်ရင်Balloon
စီးမည်ဟုစီစဥ် စဥ်က 'မစီးချင်ပါဘူး၊ကြောက်ပါသည်' ဟုခါးခါးသီးသီးငြင်းနေပြီး ယခုတကယ်စီးရမည့်အချိန်ရောက်တော့ စိတ်လှုပ်ရှားတတ်ကြွနေဟန်ရှိသည်။ကျွန်တော့်မှာ ခ Balloonစီးချင်စိတ်ဖြစ်လာအောင် Ballooning Service CompanyကအသိManagerနှင့်တွေ့ပေးကာ ခ ကိုရှင်းပြခိုင်းရသည်။အန္တရာယ်မရှိကြောင်း၊မောင်းနှင်မည့်Captainမှာလည်းကျွမ်းကျင်သောနိုင်ငံခြားသားဖြစ်ကြောင်း၊တစ်စုံတစ်ခုမတော်တဆဖြစ်လျှင်လည်းUSD10
millionအသက်အာမခံထားရှိကြောင်း စုံလင်စွာရှင်းပြသဖြင့် စီးပါမည်ဟု လက်ခံခဲ့ခြင်းဖြစ်ပါသည်။ခ ကအိပ်ယာမှထကာရေချိုးရန်ပင်ပြင်နေပြီ။ရေချိုးပြီးလျှင် ဝတ်မည့်အဝတ်အစားတို့ကို Luggageထဲမှထုတ်နေသော ခ ဆီသို့မှန်းကာစမ်းတန်းတန်းလျှောက်လာခဲ့သည်။
"မျက်လုံးကလည်းဖွင့်အုံး၊ခလုတ်ဝင်တိုက်နေပါအုံးမယ်"
"ခ......ကိုယ့်ကိုMorningkissပေးအုံးလေ"
"သွားမတိုက်ရသေးဘူး၊နောက်မှပေးမယ်"
"ဘာဖြစ်လဲကွာ၊ကိုယ်ကအခုလိုချင်တာ၊အခုပေး"
YOU ARE READING
I HAVE THE PICKY BOY (Completed)
Короткий рассказSWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.