Unicode.
မနက်ဖြန်တင်ရန်အတွက် ရုံးကစာရင်းများမပြီးသေးသဖြင့် စားပွဲတွင်ထိုင်ကာ ဖိုင်တွဲများကြားကျွန်တော်အလုပ်ရှူပ်နေ၏။ခ ကခုတင်ပေါ်တွင် စာအုပ်တစ်အုပ်ဖတ်ရင်း ကျွန်တော့်ကိုစောင့်နေသည်။ကျွန်တော်အလုပ်မပြီးသေး၍မအိပ်ရသေးလျှင် သူလည်းမအိပ်ဘဲ အမြဲစောင့်ပေးတတ်သည်။ထိုသို့အလိုက်သိလွန်းသော ခကိုကျွန်တော်သည်းသည်းလှုပ် ချစ်ရခြင်းမှာမဆန်း။
ခ သာရှိလျှင်ကျွန်တော့်အတွက်အရာရာပြည့်စုံသလိုခံစားရသည်။မိခင်အရင်းကစွန့်ပစ်ထားခြင်းကိုပင်ကျေကျေနပ်နပ်လက်ခံသည်ထိပေါ့။
ခ အချစ်ကိုရရန် ကျွန်တော် အတော်ခက်ခက်ခဲခဲကြိုးစားခဲ့ရပါသည်။။လူ့သဘာဝအလျှောက် ခက်ခဲသည့်အရာကိုမှ ရယူပိုင်ဆိုင်ချင်သည့် အားလျှော်စွာ အချိန်သုံးနှစ်တာလုံး ခ အနားတွင် တောက်တဲ့တစ်ကောင်လိုလိုက်ကပ်ရင်း ခကိုပိုင်ဆိုင်နိုင်ဖို့ကြိုးစားခဲ့ရပါသည်။ဟုတ်ကဲ့...သုံးနှစ်ပါ။ရှေးခေတ်တုန်းကလို သုံးနှစ်သုံးမိုး အမှန်ပါ။
ကိုချေးများလေးက ရုပ်ရည်၊ငွေကြေးအရာရာပြည့်စုံသော ကျွန်တော့်ကိုပင်အလွယ်
တကူလက်မခံခဲ့ပါ။အဲ..ပြည့်စုံတယ်ဆိုပေမယ့် ချွင်းချက်ကလေးရှိစမြဲအတိုင်း ကျွန်တော့်ရဲ့ရည်းစားများခြင်းက ချွင်းချက်ဖြစ်နေပါသည်။ထို့ကြောင့် ကျွန်တော့်အချစ်ကိုသူကမယုံကြည်။ကျွန်တော့်အချစ်ကိုလက်ခံပြီး ရည်းစားဖြစ်ကြချိန်တွင်လည်း ပြဿနာတစ်ခုကထပ်ပေါ်လာပြန်ပါသည်။အကြောင်းမှာ ခ က
Skinshipလုပ်ရသည်ကိုမကြိုက်ခြင်းဖြစ်ပါသည်။လက်ကလေးကိုင်ချင်လျှင်လည်းလက်မခံ။ဖက်ချင်လျှင်လည်းမရ။နမ်းဖို့ဆိုဝေး။နောက်ပိုင်းတွဲတာကြာလာမှ ခ ကလက်ခံလာသည်။ဤသို့ဖြင့် ခ ကိုကျွန်တော် တော်တော်လေးသည်းခံခဲ့ရပါသည်။ကျွန်တော် တွဲခဲ့ဖူးသမျှဘယ်မိန်းကလေးကိုမှ ထိုမျှသည်းမခံခဲ့ဖူး။ဘယ်မိန်းကလေးကိုမှလဲ ခ လောက်မချစ်ခဲ့ပါ။
ကျွန်တော်စာရင်းများနှင့်အလုပ်ရှုပ်နေစဥ် ခ ကအနားရောက်လာသည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
KurzgeschichtenSWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.