Unicode.
"ဉာဏ်ရေ သွေး သွေး သွေးတွေ"
မနက်စောစောစီးစီး အိမ်သာထဲမှ ငိုသံပါကြီးနှင့်အော်ရင်း ပြေးထွက်လာသော ခ ကြောင့် ကျွန်တော်အိပ်နေရင်း နိုးသွားရကာ အလန့်တကြား ထထိုင်မိသည်။သွေး ဆိုသည့်အသံကြားသည်နှင့် စိုးရိမ်စိတ်က ထစ်ကနဲ။
"ဘယ်မှာလဲ ဘာဖြစ်တာလဲ"
"ဟို.......ဟို.......သွေးတွေ ထွက်နေတယ်"
"ဘာနဲ့ထိခိုက်မိတာလဲ ဘယ်မှာလဲ ကိုယ့်ကိုပြ"
"ဟို....ဝမ်း...ဝမ်းသွားတာ သွေးတွေပါလာတယ်"
ခ ကငိုတော့မလိုပုံစံကလေးနှင့်ပြောရင်း မျက်နှာလေးရဲကာရှက်နေသေးသည်။အကြောက်ကြောက်အလန့်လန့်ဖြစ်နေသော ခ ပုံစံကြောင့်စိုးရိမ်စိတ်ကပိုလာသည်။
"သွေးတွေအရမ်းများလား"
"အင်း နည်းနည်းများတယ်"
'သွေးကဘာလို့ ထွက်တာလဲ'။အတူနေတဲ့အချိန်တွေလဲ ဘယ်တုန်းကမှကြမ်းကြမ်း
တမ်းတမ်း ဆက်ဆံဖူးတာမှမဟုတ်တာ။သွေးထွက်ရသောအကြောင်းအရင်းအား စဥ်းစားနေစဥ် ခ ကထငိုတော့သည်။"အဲဒါမင်းကြောင့် ၊အီး.....နောက်မင်းနဲ့မအိပ်ဘူး"
အာ..ဒါတော့မဖြစ်ဘူးလေ။ငိုရင်းရှိူက်ရင်းဖြင့် စကားပြောကမပြတ်။ကျွန်တော့်ကြောင့်ဟုသာထင်နေသည်။
"အာ....ခကလည်း ကိုယ်ဘယ်တုန်းက ကြမ်းကြမ်းတမ်းတမ်းဆက်ဆံဖူးလို့လဲ"
"မသိဘူးကွာ မင်းကြောင့်ဘဲ အီး........"
"နာရောနာလား"
"အဟင့်......ဘာကလဲ"
"ဟိုနေရာကလေ"
"အာ.....မနာပါဘူး"
"ဒါဆို ကိုယ့်ကြောင့် မဟုတ်တာသေချာပါတယ်၊မဟုတ်မှ......."
ခေါင်းထဲရုတ်တရက်ဝင်လာသော အတွေးကြောင့် အနည်းငယ်ကြက်သီးထသွားရသည်။
"ဘာလဲ"
"ဟို မိန်းကလေးတွေလို ရာသီလာတာများ......အ"
ခ ကလက်လျှင်မြန်စွာကျွန်တော့် ခေါင်းကို ဒေါက်ခနဲခေါက်ပစ်လိုက်သည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Historia CortaSWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.