Unicode.
"ခ ရေ...ရုပ်ရှင်စတော့မယ်ကွာ၊လာတော့"
ကျွန်တော်ကIce tea တစ်ခွက်နှင့်ပေါက်ပေါက်တစ်ဘူးဆိုလျှင်ပြည့်စုံပြီ။ခ ကတော့မရ။ရုပ်ရှင်ကြည့်လျှင်Snackတွေအပြည့်နှင့်မှကြည့်တတ်သူ။အခုလည်း သူစားချင်တာတွေတစ်ထုပ်ပြီးတစ်ထုပ် ရွေးရင်း မပြီးတော့။အားလူးကြော်ကနှစ်ဘူး၊နေကြာစေ့ကတစ်ထုပ်၊ပေါက်ပေါက်တစ်ဘူး၊အချဥ်ထုပ်တွေကတစ်ပုံတစ်ပင်။ဒါတောင်အချဥ်ထုပ်တွေကိုထပ်ယူနေသေးသည်။ဒီလောက်အများကြီးကုန်ပါ့မလားဟု မေးလျှင်တော့မှားမည်။ကုန်ပါသည်။ရုပ်ရှင်တစ်ကားစာအချိန်အတွင်း သူကုန်အောင်စားနိုင်ပါသည်။ရုပ်ရှင်လာကြည့်တာလား အစားထိုင်စားဖို့ လာသည်လား မသဲကွဲ။သို့သော် ဘေးတွင်ထိုင်နေသော ကျွန်တော့်ကိုသာမေ့ချင်မေ့နေမည် ရုပ်ရှင်ကိုတော့လက်မလွှတ်ပါ အစအဆုံးသူအကုန်သိသည်။
"ရပြီ ဝင်မယ်"
သူလုပ်ချင်တာလုပ်နေရတော့ မျက်နှာကစပ်ဖြီးဖြီး။ဝယ်ထားသောမုန့်များကိုပြန်စစ်နေသေး၏။Snackတွေကိုတစ်မက်တစ်မောစားတတ်သော်လည်း ခ ကထမင်းကဲ့သို့ အာဟာ
ရဖြစ်မည့်အစားအစာများကိုတော့ ဟက်
ဟက်ပက်ပက်မရှိ။ထို့ကြာင့်လည်း ခန္ဓာကိုယ်က သေးသေးကွေးကွေးဖြူဖတ်ဖတ်ဖြစ်နေခြင်းပင်။ရုပ်ရှင်ထဲရောက်တော့နိုင်ငံတော်အလံအလေးပြုပြီး၍ ရုပ်ရှင်စနေပြီဖြစ်သည်။ရုပ်ရှင်ကHorrorအမျိုးအစား။စလာကတည်းကခပ်ကြမ်းကြမ်း။အလည်ပိုင်းလောက်ရောက်တော့ပိုကြမ်းလာ၏။
ဘေးနားကအတွဲတွေကြည့်တော့ တစ်ယောက်နဲ့တစ်ယောက်ပူးကပ်လို့နေကြသည်။ခ ကတော့ကြောက်ဟန်လည်းမပြ။ကြောက်လိုက်တာဆိုပြီးကျွန်တော့်ကိုလည်းလာမဖက်။သူ့မုန့်သူအစားမပျက်။ကျွန်တော်ပင်တစ်ခန်းတစ်လေ လန့်မိသော်လည်း သူကတော့ဟာသလုပ်ကာရယ်နေသည်။
ရုပ်ရှင်ကြောင့်အနည်းငယ်စိတ်လှုပ်ရှားနေချိန်တွင် Vibrateလုပ်ထားသာဖုန်းကမြည်လာသဖြင့်ထအော်မတတ်လန့်သွားရ၏။Screenကိုကြည့်လိုက်တော့ ဖုန်းခေါ်လာသူက မမဖြစ်သည်။မမဆိုတာကကျွန်တော့်ရဲ့တစ်ဦးတည်းသောအမအရင်း။မေမေကကျွန်တော့်ကို ပစ်ပယ်ထားပေမယ့် မမကတော့ကျွန်တော့်ကိုအပြစ်မမြင်။မပစ်ပယ်။နားလည်သည်။ဖုန်းအဆက်အသွယ်လည်းမပြတ်ရှိ၏။ရုပ်ရှင်ဆူညံသံများကြောင့် Spakerအားလက်တစ်ဖက်ဖြင့်အုပ်ကာဖုန်းဖြေရသည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Short StorySWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.