I have the picky boy-12

6.6K 480 17
                                    

Unicode.

"ဖိုးဉာဏ် ငါ့တူထတော့ ပြည်ကိုရောက်ပြီ"

"အင်...ဟင်....ရောက်ပြီလား"

မကြည်မလင်ဖြစ်နေသော မျက်လုံးတို့ကိုပွတ်သတ်ကာရှင်းရင်း အပြင်ကိုကြည့်လိုက်တော့ရုံးဝန်းထဲသို့ပင် ကားပါကင်ထိုးပြီးနေပြီဖြစ်သည်။ရုံးထဲမှ ရုံးခွဲတာဝန်ခံမန်နေဂျါမသက်စံ ကကျွန်တော်တို့ကားထံသို့လျှောက်လာနေသည်။

"ရောက်ပြီကွ၊မင့်နှယ်တစ်လမ်းလုံးအိပ်လာလိုက်တာ၊ညဘက်အိပ်ရေးမဝဘူးလား၊အင်းလေ....လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတော့အလုပ်တွေပိုလာပြီကိုးကွ၊ပင်ပန်းတော့မပေါ့"

ဦးကိုလေးကသူ့ဟာသူမေးကာသူ့ဟာသူပြန်ဖြေနေသည်။ဦးကိုလေးထင်မြင်ချက်ကြောင့် အနည်းငယ်တော့ရယ်ချင်သွားသည်။အလုပ်တွေများလာသဖြင့် ညဘက်အိပ်ရေးမဝဘူးဟုသော ထင်မြင်ချက်က တက်တက်စင်အောင်လွဲနေသည်မဟုတ်လား။ညက တစ်ပတ်စာရိက္ခါကြိုယူနေလို့ အိပ်ယာဝင်နောက်ကျသွားခြင်းလေ။ထို့ကြောင့်တစ်လမ်းလုံး နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေခဲ့သည်မှာ အခု ဦးကိုလေးနှိုးမှသာ နိုးတော့သည်။

နိုးနိုးခြင်း ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ထင်သည့်အတိုင်းပင် ခဆီကMassageတစ်စောင်ရောက်နေသည်။

#ရောက်ရင် ဖုန်းဆက်နော်#တဲ့။ပို့ထားသောစာလေးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး ချက်ချင်းဖုန်းခေါ်လိုက်သည်။သိပ်ကြာကြာမစောင့်ဖုန်းတန်းဖြေသည်။

"ဉာဏ် ရောက်ပြီလား"

"ရောက်ပြီ ခ၊အခုပဲရောက်တယ်"

"ဟင်...ခုမှ4:00ပဲရှိသေးတယ် မြန်လှချည်လား ဉာဏ်ရ၊ဘယ်လောက်တောင် မောင်းသွားကြတာလဲ"

ရန်ကုန်မှ နေ့လယ်11:00နာရီခန့်ကစထွက်ခဲ့သည်။ပုံမှန်ဆိုလျှင်ကြာချိန်က 5:30ခန့် ကြာသင့်သော်လည်း အနည်းငယ်မြန်မြန်မောင်းလာခဲ့သဖြင့် ပြည်သို့ရောက်တော့ ကြာချိန်က ငါးနာရီခန့်သာ ရှိသဖြင့် ခ ကမြန်သည်ဟုပြောခြင်းဖြစ်သည်။

"နည်းနည်းပဲပိုမြန်တာပါ ခရဲ့၊ဦးကိုလေး ကကျွမ်းပြီးသားပဲ၊မစိုးရိမ်ပါနဲ့"

I HAVE THE PICKY BOY (Completed)Where stories live. Discover now