Unicode.
ခုတင်ပေါ်တွင် အကျအနဝမ်းလျားမှောက်ကာMobile Legends:Bang
Bang(ML)Game Rankပွဲအားအသေအကြေတိုက်နေစဥ် အခန်းဝမှ ဘဲလ်တီးသံထွက်ပေါ်လာသည်။"ဉာဏ် ဘာလုပ်နေလဲ၊ဘဲလ်တီးသံ မကြားဘူးလား"
မီးဖိုထဲမှ ခ ကလှမ်းအော်သည်။Battleဆိုင်နေသဖြင့်ကျွန်တော်မသွားချင်။'ခ သွားလိုက်ကွာ'ဟုတော့သွားမပြောရဲ။ချက်ပြုတ်ကာအလုပ်ရှူပ်နေသောသူ့ကို မကူညီသည့်အပြင် ပြန်ခိုင်းရကောင်းလားဟု ကျွန်တော့်ကိုရန်တွေ့လိမ့်မည်။ဘဲလ်တီးသံကအဆက်မပြတ်ထွက်ပေါ်နေသည်။
"ဉာဏ် သွားမဖွင့်သေးဘူးလား"
ခ ကတစ်ခါထပ်အော်ပြန်သည်။အချိန်ကညနေ6:00ရှိနေပြီ။ဘယ်သူလာတာလဲဟုစိတ်ရှုပ်စွာတွေးရင်း လာသောဧည့်သည်ကို မေတ္တာပို့လိုက်သည်။
"ဟာကွာ အလုပ်ရှူပ်လိုက်တဲ့ ဧည့်သည်"
ကိုင်ထားသော Heroကိုခြုံထဲဝင်ကာ recallခေါ်လိုက်ပြီး ဖုန်းကိုခုတင်ပေါ်သို့ ပစ်ချလိုက်သည်။
ကျွန်တော့်သူငယ်ချင်းများထဲမှ တစ်ယောက်
ယောက်ဖြစ်မည်ဟု တွေးရင်း တံခါးဖွင့်လိုက်တော့ ကျွန်တော် မျှော်လင့်မထားသောသူဖြစ်နေ၏။"နွယ်"
"ဉာဏ် ရယ်ကြာလိုက်တာ၊ဘာတွေလုပ်နေလို့လဲဟင်"
နွယ် ကမေးရင်းအခန်းထဲသို့ မျက်လုံးဝေ့ကာစူးစမ်းနေသည်။
"နွယ် ဒီကိုဘာလာလုပ်တာလဲ"
"သြော်...ဒီမှာ ရော့၊အိမ်သစ်တက်တရားနာလာဖိတ်တာ နွယ်တို့ ဒီကွန်ဒိုကိုပြောင်းလာတာလေ၊ခြောက်လွှာမှာ"
နွယ် ကလက်ဝါးခန့်ဖိတ်စာလေးတစ်ခုကမ်းပေးသည်။နွယ်တို့ဆိုတာ သူ့မေမေပင်ဖြစ်မည်။နွယ်က ယခုတိုင် အိမ်ထောင်မပြုသေး။
"သြော်.....ဟုတ်လား"
ဟုသာကျွန်တော်ပြန်ဖြေလိုက်သည်။အပိုစကားတွေမပြောချင်။နွယ်နဲ့ပတ်သတ်လို့အတိတ်ကောင်းတွေရှိခဲ့တာမှမဟုတ်တာ။ပြီးတော့ ခ ကိုလည်းနာကျင်စရာတွေပေးခဲ့တဲ့သူ။
"စနေနေ့မနက် 8:00နာရီနော် ဉာဏ်၊လာဖြစ်အောင်လာ "
"အေးပါ"
YOU ARE READING
I HAVE THE PICKY BOY (Completed)
Historia CortaSWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.