Extra part❤️❤️*

8.6K 412 14
                                    

Unicode.

အခန်းမီးကိုပိတ်လိုက်ပြီး ခုတင်၏လက်ယာဘေးဘက်ကနံရံအား ကာထားသောလိုက်ကာအားလုံးကိုဖွင့်ပစ်လိုက်သည်နှင့် အခန်းတွင်းသို့ တိမ်များကင်းစင်နေသောလရောင်ဖွေးဖွေးတို့ကအပြိုင်အဆိုင်ဖြာကျလာသည်။လသာညများအတွက် အိပ်ခန်း၏ဘေးဘက်နံရံအားမှန်အကြည်များဖြင့်ပြုလုပ်စေခဲ့သည်။အိမ်ကလေးထဲမှထိုအပြင်အဆင်လေးကလည်း ခ အကြိုက်ဆုံးဖြစ်နေပြန်သည်။ခမှာအိမ်ကလေးကိုသဘောလွန်း၍'ရန်ကုန်မပြန်တော့ဘူး၊ဒီမှာပဲနေတော့မည်'ဟုတတွတ်တွတ်ပြောလို့မဆုံးဖြစ်နေသည်။

ခ ကဝိုင်တစ်ပုလင်းနှင့်ညနေကမြို့ခံအသိတစ်ယောက်လာပေးသောခေါင်ရည်တစ်ပုလင်းတို့ကိုယူ၍အခန်းထဲသို့ဝင်လာသည်။ဆောင်းရာသီမဟုတ်သော်လည်းချင်းတောင်မြို့လေးဖြစ်သောကန်ပက်လက်မှာအနည်းငယ်အေးသဖြင့်ဒီည အအေးဓာတ်ကိုအကြောင်းပြုကာနည်းနည်းပါးသောက်ရန် ခ ကိုခွင့်တောင်းထားရခြင်းဖြစ်သည်။သူလည်းခေါင်ရည်မသောက်ဖူး၍သောက်ကြည့်မည်ဟုဆိုကာခွင့်ပြုပေးခြင်းပါပေ။

"ဝါး.....လပြည့်ညဆိုပိုတောင်လှနေသေးတယ်"

လက်ထဲကပုလင်းတွေကိုချရင်း အခန်းပြင်ကလမင်းဆီသို့လှမ်းမျှော်မော့ကြည့်ကာပြောသည်။

"သောက်စရာကတော့ဟုတ်ပါပြီ၊အမြည်းကဘယ်မှာလဲ ခရဲ့၊အမြည်းမပါဘဲ ဒီတိုင်းများသောက်တော့မလို့လားကွာ""

"သြော်...အမြည်း..ဟုတ်သားပဲ၊မေ့နေတာဟီး...ဟီး...သွားယူလိုက်အုံးမယ်"

​အခန်းထဲမှလှစ်ကနဲထထွက်သွားပြန်သည်။

အခန်းထောင့်က ဂစ်တာကိုယူပြီး မှန်နံရံကိုကျောခိုင်း၍မှီထိုင်လိုက်ပြီး ဂစ်တာကြိုးကိုပြန်ချိန်ညှိရင်း ခ ကိုစောင့်နေလိုက်သည်။ခဏနေတော့ လက်ထဲမှာပစ္စည်းတွေအပြည့်နှင့်ပြန်ရောက်လာသည်။ယူလာတဲ့အမြည်းတွေကိုကြည့်လိုက်တော့သူရဲ့မရှိမဖြစ်ရိက္ခာတွေဖြစ်ပါသည်။ကျွန်တော့်ကိုဒါတွေနဲ့ပဲပေးမြည်းတော့မည်ထင်သည်။

"အမြည်းကဒီSnackတွေလား ခ ရ"

"အင်းလေ ဘာလို့လဲ၊မကြိုက်ဘူးလား၊မင်းမကြိုက်ရင် ငါကြက်ဥကြော်ပေးမယ်လေ၊အသားတော့မရဘူးနော်"

I HAVE THE PICKY BOY (Completed)Where stories live. Discover now