I have the picky boy-11*

8.1K 505 23
                                    

Unicode.

မျှော်နေကြမလားလို့😁

.................................................................

ချင်းပြည်နယ်အစပ်ရှိ ကန်ပက်လက်မြို့တွင်တိုးချဲ့ဖွင့်လှစ်မည့်Bankရုံးခွဲနှင့်ပတ်သတ်၍လိုအပ်သည့် အချက်အလက်များကိုဆွေးနွေးရန် မေမေကLaptopကိုဖွင့်ကာဖိုင်တစ်ခုကိုဖွင့်လိုက်သည်။

ဖိုင်ဖွင့်လိုက်သည်နှင့်Laptop screenပေါ်တွင်ပေါ်လာသောအရာများကြောင့် ကျွန်တော်အတော်အတန်ပင် မျက်လုံးပြူးသွားရကာ မေမေ့ကိုလှမ်းကြည့်မိတော့ သူခိုးလူမိသလို ခြေမကိုင်မိလက်မကိုင်မိဖြင့် Screenပေါ်တွင်ပေါ်လာသောအရာတို့ကိုပိတ်ရန်ကြိုးစားနေသည်။

"မေမေ ဒါက......"

"ဟို အဟင်း....အဲ့ဒါက သားရယ်၊ဟိုလေ...."

မေမေကပြောစရာစကား(ဆင်ခြေ)ရှာမရစွာ ဟိုဋီကာဖွင့်နေသည်။မေမေ့မျက်နှာတွင်ရှက်ရွံ့ဟန်ကလည်းအတိုင်းသားပေါ်လွန်နေသည်။အကြောင်းမှာဖိုင်မှားထောက်မိပြီး Screenပေါ်တွင်ပေါ်လာသောအရာများမှာကြည့်လက်စBLဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ ကောင်လေးနှစ်ယောက်နမ်းနေသောအခန်းဖြစ်နေသောကြောင့်ပင်။ဒီလိုတွေကြည့်တယ်ဆိုတာBL supporterတွေကပဲကြည့်တတ်တာမဟုတ်ဘူးလား။မဟုတ်မှလွဲရော....ဒါဆိုမေမေကလည်း BL supporterဖြစ်နေတာများလား...

"မေမေ မဟုတ်မှ....."

"အဟင်း....ဟုတ်တယ်၊သားထင်သလိုပဲ"

မေမေကငြင်း၍မရနိုင်တော့သည်ကိုသိသောကြောင့်တန်းဝန်ခံတော့သည်။မအီမလည်ဖြစ်နေသောမေမေ့ကိုကြည့် ဗိုက်နှိပ်ကာပင်ရယ်မိတော့သည်။တဟားဟားနှင့်ရယ်ပွဲကျနေသော ကျွန်တော့ကို မေမေကမျက်စောင်းတပစ်ပစ်။

"ဟား....ဟား....ဟား...ဖြစ်ရလေ မေမေရာ၊ကလေးကလားဗျာ"

ကျွန်တော့်အပြောကြောင့် မေမေက ရန်တွေ့ပါတော့သည်။

"အံမယ်...ဘာကလေးကလားလဲ၊ဒီလိုဖြစ်ရတာမင်းကြောင့်သိရဲ့လား".

ကျွန်တော့်ကြောင့်ဟုဆိုလာသောကြောင့် အရယ်ပင်ရပ်သွားရသည်။

"အန်! ဘာလို့ကျွန်တော့်ကြောင့်လဲ မေမေရ"

"ဟုတ်တယ်လေ၊မင်းနဲ့ခခကိုလက်ခံပေးနိုင်ဖို့အတွက် Internetပေါ်မှာ မင်းတို့လိုစုံတွဲတွေကိုရှာရင်းဖွေရင်းလေ့လာရင်းနဲ့ဖြစ်သွားရတာ သိရဲ့လား၊ကဲပြော...အဲ့ဒါမင်းကြောင့် မဟုတ်လို့ဘယ်သူ့ကြောင့်ရမှာလဲ"

I HAVE THE PICKY BOY (Completed)Where stories live. Discover now