Unicode.
အို.....ဟောင်းနွမ်းသော×××နရံအုတ်ချပ်များ....
မြန်မာဟေ့လို့×××ဟစ်ကြွေးဆဲသက်သေများ
ရာစုနှစ်အဆက်ဆက်....
အိုပေးဆပ်ခဲ့တဲ့××××အားလုံးရဲ့အမွေ........
အရုပ်ဆေးမပျက်×××ပညာပန်းအတတ်များ.......
မြန်မာအနုအလှ××××သုခုမလက်ရာများ
သမိုင်းဝင်ကဗ္ဗည်းထက်×××တို့နှလုံးအိမ်သွေးစက်
ခြယ်သထားမြဲထားပါလား.......
မဟာ.......
ကြီးမြတ်လေသော××××သမိုင်းကြောင်းများဒီမြေကြီးမှာ....
မင်းတရားအနော်ရထာကျေးဇူးများ×××
ဒီမြေကြီးထက်မှာ......
ဒီမြေဟာတို့တွေရဲ့×××နှလုံးသားဝိညာဥ်ပဲ
အားလုံးရဲ့ပုဂံ.........အခန်းထဲတွင် ဇော်ဝင်းထွဋ်၏မဟာသီချင်းကို volumeအကျယ်ဆုံးချဲ့ဖွင့်ခဲ့ပြီး ခ က
ရေချိုးခန်းထဲသို့ဝင်သွားသည်။ပုဂံကိုလာစဥ်Flightပေါ်မှာကတည်းက သူ့မှာ ဒီသီချင်းကိုပဲအကြိမ်ကြိမ်Repeatလုပ်ကာ ဖွင့်နေတော့သည်။ရေချိုးရင်းပင်သီချင်းနှင့်အတူ သံပြိုင်လိုက်ဆိုနေပြန်သေး၏။ယခုပုဂံခရီးစဥ်က ခအတွက်တော့ပုဂံသို့ဒုတိယမြောက်ခရီးစဥ်ဖြစ်သည်။ထို့ကြောင့်သူစိတ်လှုပ်ရှားကာပျော်ရွှင်နေဟန်တူသည်။အတော်လေးလည်းတက်ကြွနေပါသည်။ကျွန်တော်ကတော့ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။Uniကျောင်းသားဘဝကသူငယ်ချင်းများနှင့် အခါအခွင့်သင့်တိုင်း ပုဂံသို့ရောက်ဖြစ်သည်။ခ ရေချိုးအပြီးကိုစောင့်ရင်း အခန်းအတွင်းမှအနည်းငယ်ခပ်သေးသေးကျဥ်ကျဥ်းပြုလုပ်ထားသောBalconyဘက်သို့ထွက်လာခဲ့ကာ မြင်နေရသော ဧရာဝတီမြစ်၏အလှအပ၌ ခံစားမိန်းမောနေမိသည်။မြစ်ကမ်းစပ်တွင် စက်လှေများစီရီစွာရပ်နားသလို ခုတ်မောင်းနေသောစက်လှေများလည်းတွေ့ရသည်။ဧရာဝတီမြစ်၏အနောက်ဘက်ကမ်းရှိ တန့်ကြည့်တောင်ကိုပါတစ်ဆက်ထဲမြင်နေရသည်။
Aye yar river view resport၏View premier roomအမျိုးအစားများစွာရှိသည့်အနက်အနက် ဧရာဝတီမြစ်အလှအားကြည့်ရှူ့ခံစားချင်ပါသည်ဆိုသော ခ စိတ်တိုင်းကျ Premier river view roomအားယူခဲ့ခြင်းဖြစ်သည်။ကျွန်တော့်အနေနှင့်ဆိုလျှင်တော့ Temple viewကိုယူချင်သည်။ခ ကတော့မဟုတ်။ဘုရားကသွားဖူးလျှင်ရောက်မည်။မြစ်ထဲကိုက ကျွန်တော်ခွင့်မပြု၍ ဆင်းခွင့်မရသောကြောင့် ဒီအခန်းအားယူပါမည်ဟုဆိုသည်။ထို့ကြောင့်သူ့စိတ်တိုင်းကျ ထိုအခန်းအားယူရသည်။ယခု ကျွန်တော်တို့တည်းခိုသောHotel Aye yar river view resportကပုဂံမြို့ဟောင်းတွင် တည်ရှိသောကြောင့် ဘုရားအတော်များများနှင့်လည်းနီးသည်။အပြင်အဆင်ကလည်း စိမ်းစိမ်းစိုစိုကလေးဖြစ်၍ ခ အကြိုက်။Sunsetကိုလည်း Sunset barရှိ၍ Hotel အတွင်းမှာပင်ကြည့်ရှူ့နိုင်သေးသည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Short StorySWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.