Unicode.
"အားပါး.......စုံလှချည်လားမေမေရ"
စုံလင်စွာချက်ပြုတ်ထားသော စားပွဲပေါ်ရှိဟင်းပွဲများကို ကြည့်ကာသဘောတကျရေရွတ်တော့မေမေကပြုံးနေသည်။ကြိုက်လှစွာသော အသားဟင်းမျိုးစုံဖြစ်နေသည်ကိုး။
"မေမေ ကိုယ်တိုင်ချက်ထားတာနော် ဉာဏ်လေး၊မင်းတို့ကို သူ့လက်ရာကျွေးချင်လို့တဲ့လေ မမတောင်ဘာမှမလုပ်ရဘူး"
မမ ကဝင်ပြောသည်။
"ဟုတ်လား ကျွန်တော်လည်း မေမေ့လက်ရာလွမ်းနေတာဗျ"
"လွမ်းလို့သာပဲ ကိုဖိုးဉာဏ်၊မအေပြန်ခေါ်မှအိမ်ပြန်လာပြီး"
"ဟီး ဟီး မေမေကလည်း"
"ဟုတ်ပါ့ဉာဏ်လေးရယ် မင့်နှယ်သိပ်နေနိုင်တာပဲ"
"မေမေစိတ်ဆိုးမပြေသေးဘူးလားလို့ပါ မမရဲ့ ကျွန်တော်လည်းမလာချင်ဘဲနေပါ့မလား"
"မိဘကကြာကြာစိတ်ဆိုးနိုင်ရိုးလား ငါ့သားရယ်"
ကျွန်တော်အပြစ်မကင်းသလိုခံစားနေရသည်။မေမေတစ်ခါငြင်းလိုက်သည်နှင့်လုံးဝလက်ခံမှာ မဟုတ်ဟုဇွတ်အတင်းထင်နေခဲ့တာ။အထူးသဖြင့်ခနဲ့ကျွန်တော်ကိုအတင်းအဓ္ဓမခွဲကြမည်ကိုစိုးရိမ်ခြင်းပါ။
ခ ကမိသားစုစကားဝိုင်းကိုငြိမ်သက်စွာနား
ထောင်နေရှာသည်။ငြိမ်သက်နေရာမှ ခ က"ကျွန်တော်တို့တစ်ကိုယ်ကောင်းဆန်ခဲ့မိပါတယ်အန်တီနဲ့မမကိုကျွန်တော်တောင်းပန်ပါရစေ"
မိသားစုထဲမှ ကျွန်တော့်ကိုဆွဲထုတ်သွားမိသလိုဖြစ်သောကြောင့် စိတ်မကောင်းဖြစ်နေဟန်ဖြင့်တောင်းပန်ရှာသည်။
"အို...မလိုပါဘူးသားရယ်၊သားတို့အပြစ်တွေမဟုတ်ပါဘူး၊အန်တီအပြစ်တွေပါကွယ်၊တကယ်ဆိုရင်ကိုယ့်သားကို အန်တီအပြည့်အဝနါးလည်းပြီး လက်ခံပေးခဲ့သင့်တာ၊အခုတော့အန်တီနားလည်သွားပါပြီ"
"ကျေးဇူးတင်ပါတယ် မေမေ"
"ကျေးဇူးတင်ပါတယ် အန်တီ"
ကျွန်တော်တို့ပြိုင်တူပြောမိကြကာ တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်ရင်း ကြည်းနူးစွာပြုံးမိကြသည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Short StorySWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.