Unicode.
ကားလေးက အလွန်မြင့်မားမတ်စောက်လှသောအနောက်ရိုးမတောင်ကြောပေါ်တွင် တရိပ်ရိပ်ပြေးလွှားနေသည်။ဆောမြို့မှကန်ပက်လက်မြို့သို့သွားရာ လမ်းက အကွေ့အကောက်အတက်အဆင်း များလှသည်။အကွေ့အကောက် များရုံမျှ မကသေး၊လမ်း၏ဘေးဘက်များတွင်လည်း အင်မတန်နက်ရှိူင်းသော ချောက်ကြီးများကရှိနေသေးသည်။သို့သော် ဦးကိုလေးကတော့ ထိုလမ်းကိုကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်လျှက်ရှိသည်။
လမ်းကအကွေ့များလွန်းသောကြောင့် ကျွန်တော် အိပ်ချင်စိတ်ဖြစ်မိသော်လည်း ဦးကိုလေးအားအဖော်ပြုကာ စကားစမြည်ပြောရင်း လိုက်လာခဲ့သည်။အဲလေ...ဦးကိုလေးပြောသမျှနားထောင်မှတ်သားရင်းပါ။
"ကန်ပက်လက်မြို့နေရာမှာ အရင်ကရေကန်ကြီးတစ်ကန်ရှိခဲ့တယ်တဲ့ကွ၊အဲဒီရေကန်ကို ဒေသခံတွေက ဘုရားသခင်ဖန်ဆင်းပေးတယ်လို့အယူအဆရှိကြသတဲ့ ဖိုးဉာဏ်ရ၊သူတို့က ခရစ်ယာန်ဘာသာဝင်တွေကိုး၊ကန်ပက်လက်လို့လည်း အဲဒီရေကန်ကိုပဲအစွဲပြုပြီး နာမည်ပေးထားကြတာလေ"
"ဟုတ်တယ် ဦးလေး၊ချင်းတွေက ခရစ်ယာန်ဘာသာဝင်သိပ်များတယ်"
"များဆို ချင်းပြည်နယ်တစ်ခုလုံးရဲ့ 85%လောက်က ခရစ်ယာန်တွေချည်းပဲလေ"
ဦးကိုလေး ပြောပြနေသောအကြောင်းအရာများက ဗဟုသုတရပြီးစိတ်ဝင်စားစရာကောင်းသဖြင့်အာရုံစိုက်ကာနားထောင်မိသည်။ကျွန်တော့်နေရာမှာသာ ခ ဆိုလျှင် ဦးကိုလေးနှင့်အပြန်အလှန်ဆွေးနွေးနိုင်လိမ့်မည်။ခ ကစာသိပ်ဖတ်တော့ သိနိုင်သည်။ကျွန်တော်ကတော့ ဦးကိုလေးပြောပြသမျှစကားထောက်ပေးရင်း နားထောင်သူသက်သက်သာ။
"ကန်ပက်လက်က သိပ်နွေခိုလို့ကောင်းတာကွ ဖိုးဉာဏ်ရ၊ဟိုးအရင်...ကိုလိုနီခေတ်ကဆိုရင်..နယ်ချဲ့အင်္ဂလိပ်တွေက ဗမာပြည်ရဲ့ရေနံမြေလို့ပြောရမယ့်...ရေနံချောင်းတို့ချောက်တို့ဘက်မှာ ရေနံတူးစီးပွါးရေးလုပ်ကြပြီးတော့ နွေရာသီဆိုရင် ကန်ပက်လက်တက်ပြီး အပန်းဖြေလေ့ရှိကြတယ်တဲ့၊နွေရာသီအပန်းဖြေစခန်းဖြစ်နေတာပေါ့ကွာ"
YOU ARE READING
I HAVE THE PICKY BOY (Completed)
Short StorySWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.