Unicode.
အခန်းတံခါးအားအသံမမြည်အောင်ဖွင့်ကာခြေသံဖွဖွနင်းရင်း ဝင်လာခဲ့လိုက်သည်။အကြံအစဥ်ပျက်သွားမည်စိုး၍အသက်ပင်ရဲရဲ မရှူရဲ။ကျွန်တော့်အဖြစ်က မိခင်မသိအောင် အပြင်ခိုးထွက်ရန်ပြင်နေသော ကလေးတစ်လောက်လို။သို့သော်ကျွန်တော်ဝင်လာသည်ကို ခ လုံးဝသိဟန်မတူ။ဧည့်ခန်းထဲတွင်လည်းမရှိ၊မီးဖိုခန်းဘက်တွင်လည်းမရှိ။ကြံထားသောအကြံက အောင်မြင်ချင်သယောင်ပင်။
နောက်ထပ်သုံးရက်လောက်နေပြီးမှပြန်ရောက်မည် ဟုပြောထားသော်လည်း ဒီနေ့ပြန်ရောက်လာသည်ကို ခ ကိုကြို ပြောမထား။ပြန်မလာနိုင်သေးကြောင်းပြောတော့ ခစိတ်မကောင်းဖြစ်သွားတာ ခ မပြောပေမယ့်ကျွန်တော်သိနေပါသည်။ထို့ကြောင့် ထိုအလွမ်းသည်လေး အား Supriseလုပ်ချင်၍ တမင်ကြိုမပြောခဲ့ခြင်းဖြစ်ပါသည်။
ရုံးပိတ်ရက်ဖြစ်သောကြောင့် ဒီချိန်ဆိုလျှင် ခ အခန်းထဲတွင် စာအုပ်တစ်အုပ်နှင့် နှိပ်နေလိမ့်မည်။ကျွန်တော်မပါဘဲ ခ ကဘယ်တော့မှအပြင်တွေလျှောက်မသွားလေ။အိမ်မှာပဲ အလုပ်တစ်ခုမဟုတ်တစ်ခုလုပ်ကာနေလိမ့်မည်။ဒါမှမဟုတ်စာဖတ်နေလိမ့်မည်။
ခြေသံကိုသတိထားကာလျှောက်လာရင်း ခပ်ဟဟပွင့်နေသော အိပ်ခန်းတံခါးမှအခန်းထဲသို့ချောင်းကြည့်လိုက်သည်။
ဟူး......
'တော်ပါသေးရဲ့'
ခ ကခုတင်ဘေးရှိစားပွဲပေါ်တွင် ခေါင်းတင်ကာအိပ်ပျော်နေသောကြောင့်ပင်ဖြစ်သည်။ထိုအခါမှ သက်ပြင်းချနိုင်တော့ပါသည်။Missioncompelet
ဖြစ်သွားပြီလေ။စားပွဲနားသို့အသာအယာပင်လျှောက်လာရသည်။အခုနိုးသွားလို့မဖြစ်သေး။စားပွဲပေါ်တွင်ခေါင်းတစ်ဖက်စောင်းတင်ကာနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ခ ကအအိပ်ဆိုလျှင်နေရာမရွေး ရသလိုအိပ်တတ်သည်။အပြစ်ကင်းစင်စွာ အိပ်ပျော်နေသော ခ မျက်နှာကလေးကို အတန်ကြာအောင်ငေးကြည့်နေမိပြန်သည်။ဝေးကွာခဲ့သောတစ်ပတ်ခန့်အတွင်း ခ မျက်နှာလေးချောင်ကျသွားသလိုပဲ။အိပ်နေရင်းတောင် မျက်မှောင်ကလေးကကျုံ့နေသည်။ဘာတွေများစိတ်အဆင်မပြေဖြစ်နေသလဲမသိဟုတွေးကာ စိတ်ပူရပြန်သည်။မျက်မှောင်ကျုံ့လေးကိုလက်မဖြင့်ဖြည်ကာ ပါးလေးတစ်ဖက်အား အလွမ်းတစ်ချို့ပြေစေရန် ခပ်ဖွဖွနမ်းရှိုက်လိုက်သည်။ခိုးအနမ်းခံနေရသော ကောင်လေးကတော့ ထိုအထိတိုင်မနိုးသေး။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Short StorySWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.