I have the picky boy-6

7.2K 604 19
                                    

Unicode.

တံခါးဖွင့်လိုက်တော့ ဧည့်သည်မှာ နွယ် ဖြစ်နေသည်။နွယ် ပုံစံကပုံမှန်တော့မဟုတ် မူးနေဟန်ပင်။သူ့ကိုယ်သူပင်ထိန်းနိုင်ဟန်မရှိ။နံရံကိုမှီတွဲကာရပ်နေသည်။နွယ် ဖြစ်နေသည်ကို ကျွန်တော်နဲနဲကလေးမှ မနှစ်သက်။အခုပဲ 'နွယ်နဲ့မပတ်သတ်ပါဘူး'လို့ ခ ကိုကတိပေးခဲ့တာ။နွယ့် ကြောင့်လည်း ခ ကျန်းမာရေးထိခိုက်ထားသေးသည်မဟုတ်လား။

"နွယ် မင်းဘာလာလုပ်တာလဲ"

"ဟင်....ရှင်ကဘယ်သူလဲ"

နွယ်ကနံရံကိုမှီကာမှိန်းနေရာမှ လေးတွဲစွာမျက်လုံးဖွင့်ကြည့်ကာပြောသည်။ထို့နောက် အနားသို့ကပ်လာကာ မျက်လုံးများမှေးစင်ကြည့်ရင်း

"သြော်....ဉာဏ်လား"

အနားသို့တိုးလာသည့် Hotဖြစ်လွန်းသော ပုံစံနှင့် နွယ့်အား မကြည့်ချင်စွာမျက်နှာလွှဲလိုက်သည်။နှုတ်ခမ်းနီရဲရဲတောက်နှင့်ဝတ်ထားသောဝတ်စုံကလည်း ရင်ညွှန့်တိုင်အောင်ဟိုက်ကာ အနီရဲရဲတောက်။

အခန်းကို မျက်မှောင်ကုတ်ကာ ပတ်ကြည့်နေပြန်
သည်။

"ဒါနွယ့်အခန်းမဟုတ်ဘူးလား ဉာဏ်ကဘာလို့ရောက်နေတာလဲ"

"မင်းအခန်းမှားလာတာ ဒါမင်းအခန်းမဟုတ်ဘူး"

"နွယ် 6ကိုသေချာနှိပ်ခဲ့ပါတယ်၊ဒါနွယ့်အခန်းပါ"

ဓာတ်လှေကားထဲတွင် 6နှင့်3ကိုမှားနှိပ်လာပုံပင်။

"မင်းအရမ်းမူးနေပြီ နွယ်၊ဒါမင်းအခန်းမဟုတ်ဘူး
မင်းအခန်းမင်းပြန်တော့"

"နွယ် မသွားနိုင်တော့ဘူး၊ခြေထောက်တွေက အရမ်းလေးနေပြီ၊ဒီဖိနပ်တွေကလည်း အရမ်းနာတယ်"

ဟုဆိုရင်း Highheeအနီရောင်ကလေးကို ချွတ်ပစ်လိုက်သည်။

"နွယ် ဒီမှာအိပ်လို့ရမလားဟင်၊နွယ် အပေါ်ကိုမတက်နိုင်တော့ဘူး ဉာဏ်ရဲ့"

"ဉာဏ် ဘယ်သူလဲ"

ခ ကကျွန်တော်ကြာနေသဖြင့် သူပါထွက်လာသည်။နွယ့်ကိုမြင်သွားတော့ မျက်နှာတည်ခနဲ။

"ဘယ်ဖြစ်မလဲ နွယ်ရဲ့၊ဒီမှာယောကျ်ားလေးတွေချည်းပဲ၊မသင့်တော်ဘူး"

I HAVE THE PICKY BOY (Completed)Where stories live. Discover now