Unicode.
"ဒီနေ့ ကိုထွဋ်ရဲ့အမျိုးသမီးဖွားတယ် သိလား
အမွှာလေးလေ"ညစာစားပြီးပန်းကန်းများဆေးကြောနေသော
ခ ကိုလှမ်းပြောလိုက်သည်။"ဟုတ်လား အမွှာဆိုတော့ကောင်းတာပေါ့"
"ကိုယ် မေမေနဲ့လူနာသတင်းသွားမေးသေးတယ်အမွှာလေးတွေအရမ်းချစ်စရာကောင်းတာပဲကွာ၊နီတာရဲလေး အသည်းယားစရာလေးတွေ"
"မင်းကလေးလိုချင်နေတာလား ဉာဏ်"
ကျွန်တော့်အကြံကို ခ ရိပ်မိသွားပြီ။ထိုသတင်းကိုကြားပြီးကတည်းကကျွန်တော် ကလေးရူးရူးနေတာ။မေမေနှင့်သတင်းမေးရင်းကလေးလေးတွေကိုသွားတောင်ကြည့်ခဲ့သေးသည်။အိမ်ပြန်ရောက်လျှင် ခ ကိုကလေးတစ်ယောက်မွေးစားဖို့တိုင်မင်မည်။မေတ္တာရိပ်မြုံဂေဟာကိုသွားကာ မွေးစားမည့် ကလေးလေးကို ခ နှင့်အတူသွားရွေးမည်ဟု အစီအစဥ်တွေချနေခဲ့သေး၏။ခ ကဒီကလေးကတော့ ငိုလွန်းသည်၊ဟိုကလေးကဝလွန်းသည်၊ဒီကလေးကတော့မလှစသဖြင့်ချေးများနေအုံးမည်လားဟုတွေးကာ ပြုံးရသည်ကမကြာခဏ။
"အဟီး....ခ ဘယ်လိုသိတာလဲ"
ခ ကဘာမျှပြန်မပြော။ပန်းများကိုသာဆက်လက်ဆေးကြောနေသည်။
"ကိုယ် ဟိုးအရင်ကတည်းက အိမ်ထောင်ပြုပြီးရင် ကလေးတွေအများကြီးမွေးပြီးနေချင်ခဲ့တာလေ"
ကျွန်တော်ဖြစ်ချင်သောဆန္ဒတို့ကိုဖွင့်ဟတိုင်ပင်ရန် စကားအစပြုလိုက်သည်။ကျွန်တော်ပြောလိုက်သောစကားကြောင့် ပန်းများဆေးကြောနေရာမှရပ်တန့်သွားသည်။ထို့နောက် ကျွန်တော်ဘက်သို့လှည့်လာကာကျွန်တော်ကိုသေချာစိုက်ကြည့်လာသည်။
"မင်းမိန်းကလေးတစ်ယောက်ကိုပဲယူခဲ့သင့်တာ"
ခ မျက်နှာကတည်ငြိမ်နေသည်။
"အဲ့လိုလည်းဘယ်ဟုတ်မလဲ ခရဲ့၊ကိုယ်ကဖြစ်ချင်ခဲ့တာကိုပြောပြတာပါ၊အခုလည်းမရလို့ ကိုယ်ဝမ်းမနည်းပါဘူး၊မွေးစားရင်ရတာပဲလေ"
"မင်းမွေးစားဖို့စဥ်းစားနေတာလား ဉာဏ်"
ခ အသံကအနည်းငယ်မြန်ကာမာနေသည်။
YOU ARE READING
I HAVE THE PICKY BOY (Completed)
Historia CortaSWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.