Unicode.
"ခ ရေ၊မပြီးသေးဘူးလားကွာ"
"မင်းလာသွေးပါလား"
'သနပ်ခါးကမထွက်ရတဲ့အထဲ၊သူကတစ်မျိုး'
ခ တစ်ယောက်ကြမ်းပြင်ပေါ်တွင် တင်ပလင်ခွေကာအကျအနထိုင်၍ သနပ်ခါးတုံးတစ်တုံးနဲ့ကျောက်ပြင်တစ်ချပ်နဲ့အလုပ်တွေရှူပ်နေသည်။သူ့ကိုမပြီးသေးဘူးလားလို့မေးတော့ ကျွန်တော့်ကိုမျက်စောင်းထိုးကာ ပွစိပွစိလုပ်ရင်း ဆက်သွေးနေသည်။
'ပခုက္ကူကအရမ်းပူတာပဲမျက်နှာတွေနေလောင်တယ် သနပ်ခါးလေးလူးထားရင်အေးမှာပဲ' ဆိုပြီးညည်းနေလို့ စျေးကြီးကိုသွားပြီးကျောက်ပြင်နှင့်သနပ်ခါးတုံးတွေဝယ်ပေးထားရခြင်းပင်။ခုကျတော့လည်းမသွေးတတ်လို့ရန်လုပ်ခံရပြန်သည်။ ကျောက်ပြင်နှင့်သနပ်ခါးတုံးတို့က အံမကျစွာ အခန်းထဲမှာ တဂလုံးလုံးမြည်နေသည်။အပြင်သွားရမှာမလို့ 'လူးခဲ့အုံးမှာ'ဆိုပြီးသွေးနေတာမပြီးနိုင်တော့။
"ကဲ.....ကိုယ်ပဲသွေးပေးပါ့မယ့်ကွာ၊ပေး......"
"ရော့......သွေးပေး၊လက်မောင်းတွေတောင် အောင့်နေပြီ၊အရမ်းခက်တာပဲ၊သနပ်ခါးတွေတပုံကြီးလူးထားကြတဲ့ အညာသူတွေကိုအရမ်းအံ့သြတယ်၊သူတို့မို့စိတ်ရှည်တယ်"
"သူတို့ကနေ့တိုင်းလူးကြတာကိုးကွ၊ကျင့်သားရနေပြီဖြစ်မှာပေါ့"
"အင်း....၊ဟုတ်တယ်နော်၊ငါလည်းကျင့်သားရအောင် နေ့တိုင်းလူးရမယ်"
"တော်ပါကွာ၊ပြီးရင်ကိုယ်ပဲသွေးပေးရမှာမလား"
"အမ်.....အဟီး....ကြည့်ပါလား၊မင်းသွေးရင်အများကြီးရတယ်"
ကျောက်ပြင်ပေါ်က ဝါပြစ်ပြစ်ကလေးထွက်လာသောသနပ်ခါးတွေကိုလက်ညိုးထိုးကာပြောသည်။
"ဒါကြောင့် မင်းပဲသွေးပေးဆိုပါတော့"
"ဟဲ...ဟဲ...ဒါပေါ့"
တစ်မျက်နှာစာလူးလောက်ရုံရပြီဖြစ်သော်လည်းထပ်၍သွေးလိုက်သည်။ဘေးကအားပေးကောင်းနေသည်ကိုး......။
"ဉာဏ့်.."
"ဗျ"
"မင်းမဟုတ်မှ မင်းအရင်ကကောင်မလေးတွေကိုသွေးပေးဖူးတယ်မလား"
YOU ARE READING
I HAVE THE PICKY BOY (Completed)
Historia CortaSWEET IS HERE! ကျွန်တော် သက်သက်လွတ်မစားလျှင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း ကျွန်တော် သက်သက်လွတ်မစားရင် ဥပုတ်စောင့်ရပြီး ညစာငတ်တတ်ပါကြောင်း HAPPYENDING❤ JUST A FANTASY. Knyait.