I have the picky boy-1*

36.5K 1.1K 13
                                    

Unicode.

ကျွန်တော်အိပ်ယာကနိုးလာတော့ ခ ကျွန်တော်ဘေးတွင်မရှိတော့။ရုံးပိတ်ရက်ဖြစ်သော်လည်းခ ကစောစောစီးစီးအိပ်ယာထသွားသည်။ထုံးစံအတိုင်း မနက်စာပြင်ဆင်နေခြင်းဖြစ်မည်ဟုတွေးရင်း အိပ်ယာမှထကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။အိပ်ယာထထချင်း ခ ဆီသွားပြီး Morrning Kiss သွားပေးချင်သော်လည်းမသွားရဲ။မျက်နှာမသစ်ဘဲ သွားနမ်းလျှင် ကိုယ်တော်ချောက ကိုင်ထားသော ယောက်မနှင့် ခေါက်လွှတ်မည်ကိုကြောက်ရသည်။

ခ ကရုံးပိတ်ရက်များတွင် ထမင်းချက်အဒေါ်ကြီးအားမလာရန် မှာထားပြီး သူကိုယ်တိုင်ချက်ပြုတ်၏။ခ မီးဖိုချောင်ဝင်သည်ဆိုမှ သတိရသည်။ကျွန်တော် ဒီနေ့သက်သက်လွှတ်စားရမည့်နေ့ပါလားဟုပင်။

ဟုတ်ကဲ့....
ခ မီးဖိုချောင်ဝင်လျှင် ကျွန်တော်အသီးအရွက်ရောင်စုံနှင့်သက်သက်လွှတ်စားရပါတော့သည်။ခ ကအသားငါးလုံးဝမစား။အနံ့ပင်မခံနိုင်သူ။ကျွန်တော်အသားဟင်းစားမိသောနေ့များတွင်အထိခံဖို့မပြောနှင့် အနားပင်အကပ်မခံတော့။

ကျွန်တော်ကတော့ ခ နှင့်ဆန့်ကျင်စွာပင် အသားငါးကလေးမှမပါလျှင် ထမင်းစားမဝင်သူ။အင်မတန်လိုက်ဖက်ညီစွာ ညားထားကြသည်ပေါ့။

ဒါပေမယ့် ချစ်ကြတော့လည်း အချင်းချင်းနားလည်းမှုယူပြီး နေလာကြတာ တစ်နှစ်ခန့်ရှိပါပြီ။

သွားတိုက်ပြီးတော့ လက်ဝါးဖြန့်ကာ ပါးစပ်နားသို့ကပ်ခါ ဟားခနဲ လုပ်လိုက်ပြီး

"ပြီးပြီ"

ရေရွတ်လိုက်ပြီး အခန်းပြင်သို့ထွက်လာခဲ့သည်။မီးဖိုထဲတွင် Apronလေးခါး၌စီးကာ ချက်ပြုတ်ကြော်လှော်နေသော ခ ကျောပြင်လေးကိုလှမ်းမြင်ရသည်။

နောက်ဘက်မှဝင်လာ၍ ခ ခါးလေးကိုဖွဖွတိုးဖက်ရင်း အမြဲမွှေးပျံ့နေသော ခ ကိုယ်သင်းရနံ့လေးကိုတဝရှူရှိူက်လိုက်၏။

"Morrning ခ"

"အင်း ဘာလို့အစောကြီးထလာတာလဲ"

ခ ပခုံးပေါ်သို့ မေးတင်လိုက်ကာ

"ခ မှကိုယ့်ဘေးမရှိတော့တာ"

"အပိုတေ"

နေ့တိုင်း ရုံးချိန်နီးမှကပြာကယာထတတ်သောကျွန်တော့်အကြောင်းသိစွာပင် ခ ကဘုတောတော့သည်။

I HAVE THE PICKY BOY (Completed)Where stories live. Discover now