I have the picky boy-10

6.7K 538 24
                                    

Unicode.

SURPRISE!😁

..........................................

Unicode.

"ကျွီ......"

အရှိန်ပြင်းစွာမောင်းနှင်လာရင်း ဖြတ်သန်းနေသောကားများကိုမြင်မှ သတိဝင်လာကာမျက်စိကိုမှိတ်လိုက်ပြီး ဘရိတ်ကိုအသားကုန်ဖိနင်းလိုက်သည်။ကားဘရိတ်အုပ်သံနှင့်အတူ ကားဘီးနှင့်ကတ္တရာလမ်းမတို့ပွတ်တိုက်သံကကျယ်လောင်စွာထွက်ပေါ်လာသည်။

တစ်ခုခုတော့ဖြစ်ပြီဟုကျွန်တော်ကျိန်းသေတွက်လိုက်သော်လည်း ဘာသံမှမကြားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မီးစိမ်းနေပြီ။ဖြတ်သန်းနေသောကားများမရှိတော့လမ်းရှင်းနေပြီဖြစ်သည်။ကားကလမ်းထိပ်တွင်ပိတ်ရပ်နေသလိုဖြစ်နေသဖြင့် နောက်ကကားများဟွန်းတီးကာ အချက်ပြလာကြသည်။

ဟူး.....

သက်ပြင်းမောတို့ကိုမှုတ်ထုတ်ကာ ပုံမှန်ပြန်မောင်းလိုက်သည်။စိတ်ထဲတွင်တော့စိတ်ထွက်ပေါက်ကိုရှာနေမိသည်။ဘားကိုသွား၍လူမှန်းမသိအောင်သောက်ပစ်ကာ စိတ်ဒေါသ၏မွန်းကြပ်မှုတို့ကိုဖျောက်ဖျက်လျှင်ကောင်းမလားဟုတွေးမိသည်။သို့သော်လည်းအတွေးထဲ၌

'ခ မှအရက်သောက်တာမကြိုက်တာ'

ဟုဝင်ရောက်လာပြန်သည်။ဘယ်လိုအခြေအနေရောက်ရောက် ခ ကလွှမ်းမိုးနေဆဲပဲ။

"ကျစ်"

အနည်းငယ်အလိုမကျစွာ စုတ်တစ်ချက်သတ်လိုက်သည်။သို့သော် ဘားဘက်သို့ခြေဦးမလှည့်ဖြစ်တော့။စိတ်မွန်းကြပ်မှုတို့အားရင်ဖွင့်ရန် အကောင်းဆုံးနေရာ အမေ့အိမ်သို့သာ ဦးတည်လိုက်သည်။

လမ်းတစ်လျှောက် အတွေးထဲတွင်ထဲတွင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကသာ စိုးမိုးနေသည်။လက်သီးထိုးရန်ပြင်လိုက်သော ကျွန်တော့ကို အံ့အားသင့်စွာကြည့်လာသော ခ၏မျက်လုံးများက အမြင်အာရုံထဲမှမထွက်။ခ ကိုထိုးရန်ချိန်ရွယ်ခဲ့သောမိမိလက်ကိုလည်းခြောက်ခြောက်ခြားခြားပြန်ကြည့်မိသည်။ခ ကိုလက်နှင့်ရွယ်ဖို့မပြောနှင့် စကားနှင့်ပင်မာမာပြောခဲ့ဖူးသည်မဟုတ်။စိတ်ထဲတွင် နာကျင်မှုနှင့်ခွင့်လွှတ်ချင်စိတ်က လွန်ဆွဲနေသည်။သူဘာလို့အဲဒီလောက်အတ္တကြီးရသလဲ။မတူညီတဲ့ချစ်ခြင်းမေတ္တာနှစ်ခုကို မခွဲခြားနိုင်သည်ကိုလည်းလုံးဝနါးမလည်နိုင်။

I HAVE THE PICKY BOY (Completed)Where stories live. Discover now