Unicode
မိုးတွေသည်းနေတဲ့တစ်နေ့... လူငယ်လေးတစ်ယောက်မှောင်ကြီးမည်းကြီးထဲမှာလျှောက်သွားနေတယ်သူ့ကြည့်ရတာလမ်းပျောက်နေတဲ့သိုးငယ်လေးလို
မောကြီးပန်းကြီးနဲ့သွားနေရင်း တောနက်ထဲကတစ်နေရာမှာလဲကျသွားတော့တယ်... အဲ့ဒီအချိန်မှာဘဲတစ်စုံတစ်ယောက်ကလူနံ့ရတာကြောင့်အနားကိုရောက်လာခဲ့သည်.. သူ့ရဲ့ပုံကအရပ်၆ပေကျော်လောက်ရှိပြီး ကိုယ်လုံးကိုယ်ထည်တောင့်သလို အသားအရည်ကလဲနှင်းလိုဖြူဖွေးနေသည် အသားတွေကအေးစက်နေပြီးသူ့မျက်လုံးတွေကရှေ့ကလူသားလေးကိုစိုက်ကြည့်နေတယ် ချစ်စရာကောင်းတဲ့မိုးရေတွေရွှဲနေသောအသားတုံးလေးကိုတယုတယငေးကြည့်ပြီးသည်နှင့်အစွယ်ဖွေးဖွေး၂ဖက်ပေါ်အောင်ပြုံးလိုက်ပြီး ထိုလူငယ်လေးကိုပွေ့ချီခေါ်ဆောင်သွားတော့တယ်...Vampireတို့စတည်းချရာနေရာ🏛⛼
လူသားတွေတော်ရုံတန်ရုံ မသိနိုင်သောနေရာဖြစ်သော်ငြား သူတို့ရဲ့အရှင်က လူသားကောင်လေး၁ယောက်ကိုပွေ့ချီလာတဲ့အခါမှာအားလုံးကအံ့ဩသွားကြတယ် မိတ်ဖက်သေဆုံးသွားတည်းကပျောက်ဆုံးသွားတဲ့ နူးညံ့မှုတွေကဒီလူသားလေးနဲ့မှဖြစ်ပေါ်လာတာလားသူ့အတွက်ဘာတွေများခံစားရလို့လဲဆိုပြီးတွေးနေကြမှာအသေအချာပင် အားလုံးရဲ့အကြည့်တွေကိုရှောင်ပြီး သူက"မိုးခိုဖို့"လို့၁ခွန်းတည်းပြောပြီး သူ့ရဲ့ပင်မအိပ်ဆောင်အခန်းထဲကိုခေါ်သွားခဲ့သည်.. ဒီကောင်လေးကိုမြင်လိုက်ရစဥ်ကရင်ထဲတစ်မျိုးခံစားလိုက်ရတယ် သို့ေသာ်လည်းသွေးစုတ်ဖုတ်မျိုးနွယ်ဝင် ခေါင်းဆောင်အကြီးအကဲဖြစ်နေရှာတော့ သူ့ရဲ့ခံစားချက်ကိုဖုံးကွယ်ဖို့ကြိုးစားလိုက်တယ် လူသားတွေကိုအန္တရာယ်မပေးတတ်ပေမဲ့ နှစ်သက်တာလည်းမဟုတ်ပေ ဇနီးဖြစ်သူဆုံးပါးသွားရခြင်းမှာလူသားမျိုးနွယ်ရဲ့ပယောဂကြောင့်ပင် ထို့အတူ ၎င်းရဲ့ မျိုးရိုးကိုဆက်ခံမယ့်သားဖြစ်သူလည်းရှိနေပြီးတော့သူ့အတွက်က နောက်ထပ်အိမ်ထောင်ပြုချင်ရင်တောင်ပြသနာမရှိပေ အေးစက်သောမျိုးနွယ်ဖြစ်၍ သွေးသားဆန္ဒမှာ လူသားတွေလောက် မရုန်းကြွသော်လည်း ဆင်ခြင်တုံတရားနှင့်ထိန်း၍ ဇနီးသည်ဆုံးပါးပြီးတည်းကမည်သူနှင့်မျှမထိတွေ့ခဲ့ချေ။ အခုဒီကောင်လေးနဲ့မှသူ့စိတ်တွေထိန်းချုပ်မရနိုင်။ သူတို့မျိုးနွယ်စုသည် သစ္စာတရားကိုတန်ဖိုးထားသည် တော်ဝင်မျိုးနွယ်စုရဲ့ခေါင်းဆောင်၁ယောက်အဖို့မည်မျှပင်စောင့်စည်းရမည်နည်း။ လူသားတွေလိုone night standထားဖို့တောင်မလွယ်ပေ ။ မျိုးနွယ်ထိခိုက်မည့်အရာမှန်သမျှရှောင်ရှားခဲ့သူ သူသည်...
YOU ARE READING
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romance❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...