Part6(first day of marriage life)

1.4K 107 13
                                    

Unicode

အချစ်​လေ​ပြည်​လေညှင်း​လေး​တွေက ​တောအုပ်ထဲက အိမ်​လေးထဲရှိ ပြတင်း​ပေါက်မှတစ်ဆင့်honeymoon coupleဆီ ဖြည်းညှင်းစွာတိုက်ခတ်လာသည်...
ချစ်စရာ​ကောင်း​သောလူငယ်​လေးတစ်​ယောက်ကို​ပွေ့ဖက်ထား​သောအရပ်ရှည်ရှည် ကိုယ်လုံးထွားထွားလူ​တစ်​ယောက်တို့ကို​တွေ့ရပါလိမ့်မည်...
သို့​သော် ထူးခြားသည်မှာနှစ်​ယောက်လုံးကိုယ်​ပေါ်၌အဝတ်တစ်စမျှမရှိပါ​လေ...
အချစ်ရနံ့တို့ထုံမွှမ်း​နေ​သောအိပ်ခန်း​​လေးထဲတွင် မနက်ခင်း၈နာရီခန့်ရှိပြီဖြစ်​သော်လည်း​သွေးစုပ်မျိုးနွယ်တို့ဆိုသည်မှာမနက်ပိုင်းအနားယူ၍ ညဘက်မှသာအစာရှာကြသည်မဟုတ်​လော...
ထို့​ကြောင့် ထို​နေရာဝန်းကျင်တစ်၀ိုက်တိတ်ဆိတ်ငြိမ်သက်​နေသည်မှာ ငှက်​လေးများကျီကျီကျာကျာ ​အော်မြည်သံမှအပ အခြား​သောအသံများမကြားရပါ​လေ...
ဦးစွာ ထိုစုံတွဲထဲမှ ​သေးငယ်​သောကိုယ်ခန္ဓါနှင့် လှပ​သောပျားရည်​ရောင်အသားအရည်ပိုင်ရှင်​လေးနိုးလာသည်...သူ၏ခါးကိုဖက်ထားပြီး​ခေါင်း​အောက်၌အုန်းထား​သောလက်​မောင်းကိုသတိထားကြည့်မိ​​တော့ ခင်ပွန်းသည်ကြီးမင်းဒီပါကို​တွေ့လိုက်ရသည်...
ညက သူဘဲစိတ်ညှို့ခံလိုက်ရလို့ မတတ်နိုင်ဘဲငြိမ်ခံလိုက်ရတာလား..သို့မဟုတ် ငြင်းပယ်လို့ရ​သော်ငြားတမင်လက်ခံခဲ့တာလား ...ဆိုတာ ကာယကံရှင်ကိုယ်တိုင်သာသိလိမ့်မည်....

အဖြူနှင့်အညို​ရောယှက်ထား​သောသူနှစ်ဦး မင်္ဂလာဦး​မွေ့ရာ​ပေါ်မှာ ချစ်ပန်းနံ့ပင်မပြယ်​သေး ...​​လော​လောလတ်လတ်အိမ်​ထောင်သည်နှစ်ဦး..အသား​ရောင်မတူ​သော်လည်း မျိုးနွယ်ပင်မတူ​သော်ငြား ကံကြမ္မာက ဆုံးဖြတ်​ပေး၍ ဖူးစာပါရသည်​လော...
သို့​သော် ဖူးစာဆိုတာ ဦးရာလူပါ ဟုလည်းအဆိုရှိသည်မှန်​သော်ငြား ​သေတစ်ပန်သက်တစ်ဆုံး အတူတကွ​နေထိုင်နိုင်သည်မှာစုံတွဲတိုင်း​တော့မဟုတ်​ပေ...
သူတို့နှစ်​ယောက်ရဲ့အနာဂတ်က​ရောသာယာ​ဖြောင့်ဖြူး
နိုင်ပါ့မလား...

"အင်း babyနိုးပြီလား"
"ဦး"
"​ပြော​လေ က​လေး"
"ဘာလို့ကတိမတည်တာလဲ"
"ကိုယ် ကတိ​ပေးမိလို့လား"
"ဘာဗျ"
"ဟုတ်တယ်​လေ ကိုယ်က​လေးကိုဖြူဖြူစင်စင်ချစ်ချင်မှ​တော့ သားအဖြစ်​မွေးစားလိုက်မှာ​ပေါ့ ကြင်ယာ​တော်ဘယ်​မြှောက်ပါ့မလဲ" ရွှတ် ပခုံးစွန်း​လေးကို ဖွဖွ​လေးနမ်းလိုက်ပြီး သူကရွှတ်​နောက်​နောက်​ပြောသည်...
'​​အေး​ပေါ့​လေ သူ့​နေရာ​ရောက်​တော့သူ့စည်းကမ်း​ပေါ့'
ဟုရွက်​ကြွေ စိတ်​ဖြေလိုက်သည်...မိမိကိုယ်တိုင်လည်း အစပိုင်း​စိတ်တိုမိ​သော်လည်း​နောက်ပိုင်းသာယာခဲ့သည်မဟုတ်​လော...
ဒဏ်ရာ​တွေက​တော့နာကျင်​နေဆဲပင်...
"ဦး"
"ဘာတုန်း က​လေးရဲ့ "
"ကျ​နော် နာ​နေတယ်ဟို​နေရာက"
"ဪ ကိုယ်ကု​ပေးမယ်"
Vampire​တို့ရဲ့အနမ်းက သာမန်လူ၏ နာကျင်မှုကို​လျော့ပါး​စေသည် ​ပြောရလျှင်သားရည်​ပေါ့ သူတို့အနမ်းဖလှယ်ပြီးသည်နှင့် ရွက်​ကြွေမျက်​စောင်း​လေးထိုးလိုက်​သော်လည်းအနာသက်သာသွားတာကို သိလိုက်သဖြင့် ​ကျေနပ်သွားသည်...
အချစ်ရည်​တွေ​ပေကျံ​နေ​သော ကိုယ်လုံး​လေးကို မယူပြီး သန့်စင်​ပေးရန်ပြင်ဆင်ရသည်..
တန်ဖိုးကြီး​​သောရတနာတစ်ပါးကို မထိရက်မကိုင်ရက်သလိုနူးညံ့စွာကိုင်တွယ်သည်...
ပန်း​တွေနှင့် ပြင်ဆင်ထား​သော​ရေချိုးကန်ထဲညင်သာစွာထည့်​ပေးပြီးသူပါ​နောက်ကဝင်ထိုင်လိုက်သည်...
​ဆေး​ကြောသန့်စင်ပြီးသည်နှင့် အသည်းအသက်​လေး၏ ဆပ်ပြာမြှုပ်များနှင့်ပွင့်ဖတ်​ကြွေများကပ်​နေ​သောကိုယ်လုံး​လေးကို ရင်ခွင်ထဲနီးသထက်နီး​အောင်ဆွဲပြီး "baby မင်းကိုယ့်ကိုမထားခဲ့နဲ့​နော် အဲ့ခါကျ ကိုယ်ဘာလုပ်မိမလဲမသိဘူး...တစ်​လောကလုံးကိုမီး​လောင်တိုက်သွင်းပစ်ရင်လည်းသွင်းပစ်နိုင်တယ် မင်းက ကိုယ့်အတွက်မရှိမဖြစ်အရာ​လေး" ချစ်စကားနုနု​လေး​ပြောပြီး က​လေးငယ်၏ လည်တိုင်ကိုလတ်လတ်ဆတ်ဆတ်ကိုက်ရာ​ပေးလိုက်ပါသည်...
"အ အား"
လည်တိုင်​ကြော့​ကြော့ထက်မှာအနီ​ရောင်အချစ်မှတ်​တွေအပြင် ကိုက်ရာ​သွေးစုပ်ရာ​တွေပါ​နေရာယူသွားခဲ့သည်...
"မင်းနဲ့ပတ်သက်သမျှအရာအားလုံး ကိုယ်ဘဲပိုင်ချင်လို့ပါ"​ပြောပြီးသည်နှင့် လူသားငယ်၏ ချို​မွှေး​သောလည်တိုင်​လေးဆီနှုတ်ခမ်းများသက်​ရောက်သွားပြီးအစွယ်ကိုသုံးကာ ​သွေးချိုချို​လေး​တွေကိုခံစားလိုက်ပါသည်...
က​လေးငယ် ခွန်အားကုန်ခမ်းလျှင် သူ၏ ​သွေးကိုပြန်တိုက်မည်ဟုဆုံးဖြတ်ထား​လေသ​လော..

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Donde viven las historias. Descúbrelo ahora