Unicode
"ဦးရေ ကျနော်ဒီအခန်းကိုလာရတာအားငယ်မိသလို ဝမ်းလည်းနည်းမိတယ် ဦးရဲ့အရင်မိန်းမ ပထမဆုံးဇနီး၊ကျနော့်ထက်အရင်တင်မြှောက်ခံရတဲ့မိဖုရား ဦးရယ် မချစ်ဘူးနော် ဦးကိုကျနော်လုံးဝမချစ်ဘူးဟုတ်တယ် ဦးကိုမချစ်ဘူး ကျနော်က အတ္တကြီးမိနေပြီလားဟင်"
အခန်းတံခါးကိုဖွင့်ဖို့ သူ့အတွက်မခက်ခဲပါ။မိဖုရားတစ်ပါးအနေနဲ့ ရှိသမျှအခန်းတွေရဲ့သော့တွေသူ့ဆီမှာရှိသည်။နန်းဆောင်တစ်ခုလုံးသည်သူ၏လက်ထဲတွင် ခင်ပွန်းဖြစ်သူကိုယ်တိုင်စီမံခွင့်ကိုယုံကြည်စွာပေးထားလေသည်။ယခုတော့ သူ၏ယုံကြည်မှုကိုအလွဲသုံးစားလုပ်ရတော့မည်။
"အခန်းကြီးတစ်ခုလုံးက ရှင်းလင်းနေတာဘဲ ပစ္စည်းတွေဘယ်မှာထား ဟင် ဒါဦးအရင်မိန်းမပုံဘဲ ချောလိုက်တာ"
ထိုအမျိုးသမီးမှာအနက်ရောင်ဇာအမည်းဂါဝန်ကိုEuropeစတိုင်ခပ်ရှည်ရှည်ဇာပုဝါဖြင့်တင့်တယ်စွာဝတ်ဆင်ထားပြီးမျက်လုံးများကစူးရှကာ ထက်မြက်သည့်ပုံပင်..အေးလေ မိဖုရားအဆင့်ကိုး..လှပသောဆံနွယ်ရှည်များမှာပခုံးမှဝဲကျနေသည်။နီရဲနေသောနှုတ်ခမ်းမှာအစွယ်မပေါ်ရုံပြုံးနေသည်မှာကျောချမ်းစရာ...
လှ၍ကြောက်စရာကောင်းသည့်မျက်နှာပိုင်ရှင်..ဦးကမျိုးနွယ်စုအတွက်လက်ထပ်ခဲ့တာလို့ပြောခဲ့သားဘဲ...ဘာဘဲဖြစ်ဖြစ် ငါ့အဖေနဲ့ပတ်သက်တဲ့တစ်စုံတစ်ရာရရင်ငါပြန်မယ် လူသားနဲ့မိစ္ဆာဘယ်လိုမှပေါင်းစပ်လို့မရဘူး ငါလည်းသူ့ကိုမချစ်ဘူး..ဟုတ်တယ်ခဏတာသာယာမိတာပါမချစ်ပါဘူး...ဘာလို့ရင်ဘတ်ထဲကအောင့်လာတာလဲ
"ဟင်ပန်းချီကားကတစ်မျိုးဘဲ"
"အင်း ငါဖယ်ကြည့်မှ"
ရွက်ကြွေ ထိုအမျိုးသမီးပုံတူကိုဖယ်ရန်အားစိုက်ကာ ဆွဲဖြုတ်လိုက်သည်။လူတစ်ရပ်ရှိသည့်ကားချပ်မို့ အရပ်သိပ်မရှည်သောရွက်ကြွေအတွက်တော့ခက်ခဲသည်။"အင်း ဟင် ကားချပ်နောက်မှာစာရေးထားတယ်"
*ချစ်ရတဲ့မောင်တော် နှမသားငယ်ကိုသေချာစောင့်ရှောက်ပါသားငယ်ကမောင်ကြီးရဲ့သွေးသားမို့နှမမရှိတဲ့နောက်ပိုင်းလည်းမောင်ကြီးဘဲသေချာထိန်းကွပ်ပေးပါနှမရဲ့ခန္ဓါကအဆိပ်ဒဏ်ကြောင့်ကြာကြာမနေရတော့မှန်းသိပါတယ် ကျေးဇူးပြုပြီးစိတ်ချပါရစေ...နှမကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာလူသားတွေမ 💢*
![](https://img.wattpad.com/cover/229615285-288-k373210.jpg)
YOU ARE READING
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romance❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...