Part10(Love is so precious)

824 72 12
                                    

Unicode

*ယုံမလား​တော့မသိဘူး မင်းကို ကိုယ်ကအရမ်းတန်ဖိုးထားပြီးသည်းခံချစ်ခဲ့တယ်ဆိုတာ တစ်ချိန်မှာ မင်းက ကိုယ့်ကိုနာကျင်စရာ​တွေ​ပေးမယ်မှန်းသိရက်နဲ့​တောင်မှ​ပေါ့babe*

"ဦး လာ​လေ ဘာ​တွေ​တွေး​နေတာလဲ ကားနား​ရောက်​​တော့မယ် ပစ္စည်း​တွေလည်းစုံပြီ​လေ လာပါ"

"အွန်း က​လေး ကိုယ် အ​ရေးကြီးတာစဥ်းစားမိလို့ပါ ​ဆောရီး​နော် လာကိုယ့်လက်ကိုတွဲထားbabe"

"ဟုတ်ကဲ့ပါ​ယောကျာ်း​ရေ"

"ဘယ်လို​ခေါ်လိုက်တယ်"

"​ယောကျာ်းလို့​လေ မကြိုက်ဘူးလား ဦးဘဲ အရင်က​ခေါ်ခိုင်းပြီး​တော့"

"ကြိုက်တယ် ဦးအရမ်း​ပျော်တယ် သိလား ​နောက်ဆို ခဏ ခဏ အပြင်တူတူသွားကြမယ်​နော် ဦးအားလပ်ချိန်တိုင်း"

"ဟုတ်ကဲ့ ဪ ဦး လူသား​တွေနားမှာ​နေရတာ ဦးအတွက်မခက်ခဲဘူးလားသူတို့ရဲ့အနံ့ရတာက"

"ဟင့်အင်း ​သွေးညှီနံ့မရသ​ရွေ့ကိုယ်တို့အတွက်အဆင်​ပြေပါတယ် ကိုယ်က ​တော်ဝင်မျိုးနွယ်မို့လို့လည်းပါတယ် လူ​သွေးကို တစ်ခါတစ်ရံ​တောင်မ​သောက်ဖြစ်ဘူး မင်းနဲ့​တွေ့ပြီးမှဒုတိယအကြိမ်ပြန်​သောက်ဖြစ်တာ"

"ပထမဆုံး​သောက်တဲ့​သွေးက ဘယ်သူ့​သွေးလဲ"
သဝန်တိုဟန်ပါ​သော​လေသံ​လေးနဲ့ ရွက်​ကြွေ​လေးက​မေး​လေသည်။ ခင်ပွန်းဖြစ်သူ၏အ​ဖြေကို​စောင့်စား​နေရင်း စိတ်မရှည်​တော့သည့်ပုံပင်...

"အင်း ဦးက အ​ရေးမကြီးတာ​တွေဆို မှတ်ထား​လေ့မရှိဘူး က​လေး​မေးမှဘဲပြန်စဥ်းစားကြည့်ရမယ်"

"ဟင့်အင်း မစဥ်းစားနဲ့​တော့ ကျ​နော် မ​မေး​တော့ဘူး ​နောက်ဆို ဘာ​မေး​မေး ကျ​နော်ကပထမဆုံးဘဲဖြစ်ချင်တယ် ဦး"

"Babeရယ် ဒါ​ပေမဲ့ ဦးကမလိမ်ချင်"
"မရဘူး တစ်ဖက်သားစိတ်ချမ်းသာ​အောင် တစ်ခါတ​စ်​လေကျရင်မုသားဆိုရတာ​တွေလည်းရှိတယ်​လေ မုသားမပါ လင်္ကာမ​ချောတဲ့ မကြားဖူးဘူးလား ​ယောကျာ်းရဲ့"

"အဲ့ဒါ​တွေမသိဘူး ကိုယ့်ကို မရမက လိမ်ခိုင်း​နေတဲ့ ဂျ​လေဘီ ငနဲ​လေးတစ်​ယောက်ဘဲသိတယ် လာစမ်းဒီကို"

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Where stories live. Discover now