Unicode
ဘဝရဲ့နေဝင်ချိန်ဆိုတာကိုကျုပ်လိုချင်လာမိတယ်
ချစ်သူတစ်ယောက်တည်းဖြတ်သန်းရမှာမလိုလားဘူးလေ
မင်းနဲ့သာဆိုရင်မသေမျိုးဘဝကိုလည်းစွန့်လွှတ်နိုင်ပါတယ် ချစ်သူ...ဒေစီပန်းတွေရဲ့အဓိပ္ပါယ်ကခိုင်မြဲသောအချစ်တဲ့
ဦးနဲ့မင်းကြားမှာခိုင်ခန့်လွန်းတဲ့ကြိုးတစ်ချောင်းကိုရစ်ထုံးပြီးပြီ။babe...မင်းရဲ့အသက်နဲ့ခန္ဓါကကိုယ့်ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေဘဲ။
ကိုယ်တို့အေးချမ်းတဲ့အိမ်ထောင်တစ်ခုကိုတည်ဆောက်သွားကြရအောင်
ကျွန်တော်တို့တစ်သွေးတည်းတစ်သားတည်းဖြစ်သွားချိန်ကစလို့ ဦးဟာကျွန်တော့်နှလုံးသားရဲ့ကဗျာဆရာအဖြစ်အသိအမှတ်ပြုလိုက်ပါပြီ။
ချစ်ခြင်းကိုခိုင်ခန့်အောင်ထိန်းသိမ်းကြမယ်။
နှစ်ယောက်အတူတူပေါ့။💝🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အမြုတေအစွမ်းကသူ့ပိုင်ရှင်နဲ့ မျိုးနွယ်တူဖြစ်တဲ့ရွက်ကြွေကိုထူထူထောင်ထောင်ဖြစ်လာအောင်ပံ့ပိုးပေးလေတယ်။
မင်းလကျာ်သည်လည်းတိုင်းပြည်အတွက်အကျိုးပြုလက်ထပ်ပွဲလုပ်ရန်စီစဥ်ပြီးမှဘာစိတ်ကူးပေါက်သလဲ။မသိပါ။ဖခင်ဖြစ်သူဆီသာအာဏာပြန်အပ်ပြီးခရီးတွေလှည့်လည်သွားလာနေသည်။နန်းတော်သို့ပြန်မလာတာကြာလှပေါ့။ကိုယ်ရံတော်လေးနဲ့လည်းဘာလိုလိုကြားမိသည်။
စိုင်းနောင်ခတို့ဆီသို့အလည်သွားရန်မင်းဒီပါတစ်ယောက် ကလေးအားပူဆာမိသည်။
မကောင်းမှန်းသိပေမယ့်လည်း သူများအတွဲတော့ခေထာင်းချင်တယ်လေ။အောင်ခြိမ့်ရဲ့သည်းသည်းလှုပ်ပုံကိုရွက်ကြွေလေးအားပြချင်သည်။ချစ်ခြင်းမှာ မည်သူကပိုချစ်သည်ဆိုတာထက်
မည်မျှသစ္စာရှိသည်ဆိုတာကပိုအရေးပါသွားသည်ဟုမင်းဒီပါထင်မိသည်။စိုင်းနောင်ခအပေါ်သာအောင်ခြိမ့်တစ်ယောက်ကျီးထိုးထိုးခွေးစားစားပစ်ပယ်ခဲ့လျှင်...
YOU ARE READING
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romance❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...