Unicode
ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်
ကောင်းကင်ကကြယ်တွေတောင်မင်းအပြုံးကြောင့်မှေးမှိန်သွားလောက်တယ်လို့ ထင်မိတယ်
မင်းစကားတစ်ခွန်းကကိုယ့်အသက်ဆက်တေးလို့ထင်မိတယ်
မင်းဆီကချစ်စကားကကိုယ့်ဘဝအတွက်အကြီးမားဆုံးဆုလာဘ်လို့ထင်မိတယ်
ချစ်ရသူကိုကာကွယ်ပေးချင်မိတာကိုယ်မှားသလား babe....💔☘☘☘☘☘☘☘☘☘☘☘☘☘☘
သွေးရောင်ပြန်လွှမ်းလာသောမျက်နှာလေးကိုကြည့်ရင်းမင်းဒီပါကျေနပ်အားရစွာပြုံးမိသည်။"ကိုယ်သိတယ်babeလုပ်နိုင်မယ်ဆိုတာ"
"ရှင်နဲ့ကျွန်မ စကားခဏပြောရအောင် အရှင်"
"ငါ့ခင်ပွန်းစိတ်ချရမှပြောမယ်"
"သူသတိမေ့နေအုန်းမှာ ကျွန်မသိတယ် ဝံပုလွေပေါက်တွေရဲ့အသွင်ပြောင်းကာလကဒီလိုဘဲ ခဏလေးပါ"
တောင်းဆိုမှုကိုလက်ခံဟန်ဖြင့် မင်းဒီပါ ရွက်ကြွေငယ်၏နဖူးလေးကိုခပ်ဖွဖွနမ်းရှိုက်ကာ စောင်ခြုံပေးပြီးအပြက်သို့ထွက်လာခဲ့သည်။
"ကြင်ယာတော်လေးက အခုဆို ကျွန်မမောင်လေးပေါ့ သူသိသွားပြီလား"
"ငါမပြောထားဘူး"
အငြိုးတကြီးအကြည့်တွေကိုမမြင်ဟန်ဆောင်ရင်း မြက်ခင်းပြင်ကိုသာရှုစားနေမိသည်။သေချာပါတယ်။နားလည်မှုတွေတည်ဆောက်ဖို့မလွယ်ကူဘူးဆိုတာ...
"ရှင် ဘာလို့ သူ့ကိုအခုလိုဖြစ်အောင်လုပ်ရတာလဲ။ရှင်ချစ်တယ်ဆိုတာ ဒါလား"
"မင်း..."
မင်းဒီပါ အလွန်စိတ်တိုသွားပြီးသူမအားတစ်စုံတစ်ခုလုပ်ရန်ပြင်ပြီးမှ ခင်ပွန်း၏အသက်သခင်ကျေးဇူးရှင်မို့ကိုယ်ရှိန်သတ်လိုက်ပြီးနဖူးပြင်ပေါ်လက်တစ်ဖက်အုပ်ပြီးတွေးတောနေဟန်ဖြင့် အတော်ကြာငြိမ်နေပြီးမှ စကားစလာသည်။
"ငါ သူ့ကိုလက်မလွှတ်နိုင်ဘူး။မင်းမကျေနပ်ရင် ကြိုက်သလိုပြောနိုင်တယ်။တစ်ခုဘဲ...."
သူမ၏မျက်ဝန်းညိုညိုတွေကိုသေချာစိုက်ကြည့်လိုက်ပြီးမှဆက်ပြောသည်။
YOU ARE READING
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romance❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...