Part16(You are so cruel)

686 70 5
                                    

Unicode

"အင်း နာလိုက်တာ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဘဲ ဟင်... ငါဘယ်​ရောက်​နေတာလဲ"

ရွက်​ကြွေမျက်လုံးဖွင့်ကြည့်လိုက်​တော့ အရင်ချုပ်ထားသည့်​နေရာမဟုတ်​တော့ဘဲ ​မြေ​အောင်လှိုဏ်ဂူလို​နေရာမျိုးဖြစ်​နေသည်။ကြည့်ရတာ စိုင်း​နောင်ခတို့ တမင်တည်​ဆောက်ထားတဲ့အသိုက်အမြုံသစ်​နေမယ်။

​ခြေသံ​တွေကြား၍ သူအိပ်ချင်​ယောင်​ဆောင်​နေလိုက်ရသည်။

"ဟက်..​တော်​တော်အိပ်​ရေးပျက်​နေလား ငါ့ညီ​လေး ဟင်..."

​ခြေ​ထောက်နှင့်ကန်ပြီးလှဲ​​လျောင်း​နေသော​ကောင်ငယ်​​လေးကိုမညှာမတာနှိုး​နေသည်မှာတစ်ဝမ်းကွဲအစ်ကို​တော်စပ်ပါ​သောသူတဲ့...

"မင်း ငါ့အသားကိုမထိနဲ့ ရွံတယ်"

ခွပ်

"မင်းကများ ထွီ... မိန်းမပျက်သားက​ခွေးစကား​ပြောတယ်​ပေါ့​လေ"

"မင်း ငါ့အ​မေကိုမ​စော်ကားနဲ့"

"ဟက်...မင်းအ​မေကမိန်းမပျက်မို့ သူများ​ယောကျာ်းကို​ကြောင်​တောင်နှိုက်ခဲ့တာ​လေ မင်းအ​ဖေဘယ်သူလဲဆိုတာ​တောင်မင်းမသိခဲ့ဘူးမလား"

"ဟင်..မင်း မင်းက ငါ့မိသားစုအ​ကြောင်းဘယ်လိုသိ​နေတာလဲ"

"ဒီကြိုးဆွဲအရုပ်​လေးက မင်းကိုယ်​ပေါ်ကရတာ မင်းအ​မေထားခဲ့တဲ့မင်းအ​ဖေရဲ့ပစ္စည်း ရှင်းရှင်း​ပြောရရင်ငါတို့​တော်ဝင်မျိုးနွယ်စုရဲ့အမှတ်တံဆိပ်ဘဲ"

"ဟင် ဒါ ဒါဆိုမင်းကငါနဲ့"

"ညီအစ်ကိုတော်တယ် မင်းအ​ဖေကို​တွေ့ချင်လား"

"​တွေ့ ​တွေ့ချင်တယ် ငါ့ဘဝမှာအကြီးမားဆုံးအိပ်မက်ကအ​ဖေနဲ့ပြန်ဆုံဖို့ဘဲ"

"မင်း ငါခိုင်းတာလုပ်​ပေးရင် မင်းရဲ့အ​ဖေနဲ့​တွေ့ရမယ်လို့ငါကတိ​ပေးတယ်"

"မင်း မင်းဘာ​တွေယုတ်မာမလို့လဲ"

"တခြား​တော့မဟုတ်ပါဘူး ဒီအဆိပ်ကိုမင်းရဲ့​ချစ်​ယောကျာ်းကြီးကိုမှန်မှန်တိုက်​ပေးဖို့ဘဲ နယ်နယ်ရရအဆိပ်မဟုတ်ဘူး​နော် ကိုးသင်္ချိုင်းကရတဲ့ ​အစိမ်း​သေအ​လောင်းကသွေးနက်​တွေနဲ့​ဖော်စပ်ထားတာ ဒင်းကိုတိုက်လိုက်တာနဲ့ ဇဝိန်​ခြွေဖို့လွယ်သွားပြီဘဲ"

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Where stories live. Discover now