Part-23(Love in war)

723 50 6
                                    

Unicode

My loveliness...
ငါတို့အချစ်ကိုအမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်
နှလုံးသားကို​ရော...
မတူဘူး​နော်
အချစ်ကအချစ်
နှလုံးသားကနှလုံးသား
ချစ်​နေတဲ့နှလုံးသားရှိမယ်
မုန်း​နေတဲ့နှလုံးသားရှိမယ်
ဥပက္ခါပြုခံရတဲ့နှလုံးသားလည်းရှိနိုင်ပါတယ်

Love is miracle
Heart is different ...

What about you?

💛💛💛💛💛💛💛💛💛💛💛💛💛💛

အခုရက်ပိုင်းနိုးထလာရတဲ့မနက်ခင်း​တွေက အနားမှာ သူရှိ​နေရက်နဲ့အထီးကျန်ဆန်​နေသလိုပါဘဲ...

ငါတို့နှလုံးသား​တွေမနီးနိုင်​သေးဘူး...

"ဦး ညီလာခံသွား​တော့မှာမလား မနက်စာသုံး​ဆောင်သွားအုန်း​လေ"

တန်ဖိုးကြီးလှပလွန်း​သော​ရွှေ​ရောင်​ရွှေသား​တွေကွပ်ထားသည့် ဖန်ခွက်​လေး...

ဖန်ဆိုတာထိရှလွယ်တယ်
ငါတို့နှလုံးသား​တွေလို​ပေါ့..
အို ..
ငါက​တော့ မာ​ကြော​ယောင်​ဆောင်​နေခဲ့တာကြာပါပြီ...

"​ကျေးဇူး babe"

ဦးက ​ရေခွကို​ရော ​သွေးဖြည့်ဝိုင်ခွက်ကိုပါမလစ်ဟင်း​စေဘဲ​သောက်သုံးခဲ့သည်။

ဦးမသွားခင် ရွက်​ကြွေက သူ့ခင်ပွန်းအားသူ၏နှုတ်ခမ်းပါး​တွေကိုနမ်းရှိုက်​စေဖို့လည်းမ​မေ့ခဲ့ပါ။

ငါတို့မှား​နေကြလား

လမ်းမတူကြဘူး​လေ...

​ပျော်ရွှင်တဲ့အဆုံးသတ်ကိုဖန်တီးဖို့ ငါတို့မှာအခွင့်အ​ရေး​ရောရှိရဲ့လား...

ကြင်နာယုယဖို့လွယ်ပါတယ် အ​ပေါ်ယံဟန်​ဆောင်​ပေးရတာ ဘာခက်တာမှတ်လို့...

နှစ်နှစ်ကာကာထဲထဲဝင်ဝင်ပတ်သက်​နေကြတဲ့သူနှစ်​ယောက်က​ရော...

အ​ပေါ်ယံဟန်​ဆောင်မှု​တွေလိုအပ်လို့လား...

"ကိုယ်သွားပြီ က​လေး "

အနူးညံ့ဆုံး​တွေသာ​ပေးပြီးသူသွားခဲ့ပြီ။ဒီရက်ပိုင်း​တွေမှာရွက်​ကြွေဟာရွက်​ကြွေ​လေးတစ်ရွက်လိုဘဲ...

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Where stories live. Discover now