Part14(left)

667 65 4
                                    

Unicode

အချစ်ဆိုတာငြိမ့်​ညောင်းတဲ့​တေးသွားတစ်ခုလိုပါ။တခါတရံလက်သံမမှန်တဲ့အခါမှာမှားယွင်း​သောသံစဥ်​တွေထွက်တတ်ပါတယ်

ဘဝမှာသင်ဟာတစ်ကြိမ်တစ်ခါဘဲ​ရွေးချယ်ခွင့်ရှိတယ်ဆိုရင် သူချစ်ကို​ရွေးမလား ကိုယ်ချစ်ကိုရွေးမလား

မ​သေချာပါ...
သူ့​ကြောင့်ကိုယ်​ပျော်​နေရရင်​ကျေနပ်တယ်ဆို
သူ့ကို​ရော​ပျော်​အောင်မထား​ပေးသင့်ဘူးလား

အချစ်ကလူနှစ်​ယောက်ကြားကပုစ္ဆာတစ်ပုဒ်ပါ။
သို့​သော် ...
လူနှစ်​ယောက်ထက်ပိုလာခဲ့လျှင်💔

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

"ဦး​ရေ ကျ​နော့်ကိုတစ်​ယောက်တည့းထားခဲ့မလို့လား ကျ​နော်​ကြောက်တယ်"

"babeရယ် ကိုယ်လည်းမသွားမဖြစ်မို့ပါ။အခုလုပ်မယ့်ညီလာခံက လူသစ်​တွေ​ရောက်လာမှာမို့ နယ်​​မြေခြားက​လေ"

"ဦးတို့ မျိုးနွယ်စုကလည်းရှုပ်​နေတာဘဲ ကျ​နော်ကဒီအိမ်ကြီးမှာတစ်​​ယောက်တည်း​နေခဲ့ရမှာလား ဦးမရှိဘဲ"

"babeတစ်​ယောက်တည်းမဟုတ်ပါဘူးကွာ။ဦးမိုးကိုbabeအနားမှာ​စောင့်​ရှောက်ဖို့ထားခဲ့မှာပါ။အိမ်နားမှာလည်းကိုယ်ရံ​တော်​တွေရှိ​နေတာဘဲ ဘာစိုးရိမ်စရာရှိလဲ"

"အင်းပါ။စိုးရိမ်စရာကတခြားမဟုတ်ဘူး ကျ​နော်ကဦးကိုမခွဲချင်ဘူး​လေ"

"ဟာ ဘယ်လို​တွေ​ပြော​နေတာတုန်း ကြင်ယာ​တော်​လေးရဲ့ ကဲ က​လေးကိုသနားလို့ ကိုယ်မြန်မြန်ပြန်လာခဲ့မယ်​နော် စိတ်မပူနဲ့ ကိုယ်တို့ကလူသား​တွေမဟုတ်​တော့ တစ်​နေရာဆို ခဏ​လေးဘဲ စိတ်ချ ညီလာခံပြီးတာနဲ့ပြန်လာခဲ့မယ် ​စောင့်​နေ​နော် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ။ဦး.."

"လိမ္မာတယ် ကိုယ်သွားပြီ"
ညအ​မှောင်ထဲတိုးဝင်​ပျောက်ကွယ်သွား​သော​တောင်ပံလူသားထံသို့အချိန်ကြာကြာနစ်​မြောကြည့်​နေပြီးမှရွက်​ကြွေအိမ်ထဲပြန်ဝင်လာခဲ့သည်။သူ၏အခန်းရှိရာသို့မသွား​သေးခင် အဆာ​ပြေစားရန်မီးဖို​ချောင်သို့ဝင်ခဲ့သည်။ခင်ပွန်းသည်ကလို​လေ​သေးမရှိပြည့်စုံ​အောင်ဖြည့်ဆည်း​ပေးထားသည်​လေ...

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Where stories live. Discover now