Part13(The mistake)

704 57 4
                                    

Unicode

နှစ်​ယောက်သားအိမ်​ထောင်ဦးhoneymoon houseမှာ​နေတာ၃ရက်ခန့်ရှိပြီဖြစ်သည်။ ပထမရက်ကမင်းလကျာ်ကစိတ်စွမ်းအင်ဖြင့်အ​ကြောင်းကြားကာပြန်လာ​နေပြီဖြစ်​ကြောင်း​ပြောသည်။မင်းဒီပါကလွတ်လွတ်လပ်လပ်​နေရန်မလာနှင့်ဟုဆိုကာသူ၏စစ်တပ်အား​သေချာ​လေ့ကျင့်​ပေးရန်တာဝန်​ပေးထားခဲ့သည်။

"ဦး ကျ​နော်က​လေ စိတ်ကူးယဥ်ရတာသိလား လူပျိုတုန်းက​လေ ကျ​နော်သာလက်ထပ်ဖြစ်ခဲ့ရင်​အိမ်​ထောင်ဖက်ကိုမေ​မေမဆုံးခင်ကသင်​ပေးခဲ့တဲ့လက်ရာ​တွေနဲ့ချက်​​ကျွေးမယ်လို့ စဥ်းစားခဲ့တာ ဦးက​သွေးကလွဲပြီးကျန်တာမှစားမရဘဲ"

"က​လေးရယ် ဦး ဦးစိတ်မ​ကောင်းပါဘူး ဦးသာလူသားတစ်​​ယောက်ဖြစ်ခဲ့ရင် သိပ်​ကောင်းမှာ"

"အို ရှူး အဲ့လို​တွေမ​ပြောရဘူး ကျ​နော်က ကျ​နော့်စိတ်ကူးကိုဦးကို​ပြောပြတာ အိမ်​ထောင်ဖက်​တွေမို့လို့​လေ မွ"
ရုတ်တရက်သူ၏​ပေါင်​ပေါ်ထိုင်ကာသူ့နှုတ်ခမ်း​ပေါ်လက်ညှိုး​လေးတင်ပြီး​ပြောချင်တာ​ပြောကာပါးတစ်ဖက်ကိုနမ်းသွား​သောညို​ချော​လေး
ဟင်း​နော် လူသားနဲ့ vampireအားမမျှလို့သာ သည်းခံ​​နေရတာ စိတ်ရှိလင်ရှိသာဆို ဒီက​လေး​တော့မလွယ်ဘူး ဟူး​နေပါ​စေ သူကလူသားဆို​တော့ ချက်​ကျွေးခြင်းချက်​ကျွေးရင်ငါကဘဲကြိုးစားချက်​ပေးရမှာ ​နောက်​နေ့ကျမှဟင်းချက်နည်း​တွေသင်ထားရအုန်းမယ်

"ကဲ ဦး ဘာမှလုပ်စရာမရှိမယ့်အ​တူတူ နှစ်​ယောက်သားအိမ်သန့်ရှင်း​ရေးလုပ်ကြမယ်​​လေ"

"ဟင် က​လေးကလည်း အိမ်ကသန့်ပြီးသားဘဲကို က​လေးမသန့်ဘူးထင်ရင် ဦးအစွမ်းနဲ့လုပ်လိုက်မယ် က​လေးပင်ပန်းမှာစိုးလို့"

"ဟာ ဦးကလည်း သာမန်စုံတွဲ​တွေလို​တော့​နေချင်​သေးတယ်​လေဗျာ ဦး ဒီ​နေ့တစ်ရက်​တော့ဦးရဲ့အစွမ်း​တွေထုတ်မသုံးပါနဲ့​နော် ​တောင်းဆိုတာပါ"

"ဟင် ဒါဆို ဦးက ပုံပြောင်းလို့လည်းမရဘူး​ပေါ့ ပျံလို့လည်းမရဘူး အဲ့လိုလား"

"အဲ့လိုဘဲ ချစ်တယ်ဆို"

"​​အေးပါကွာ babe​ပျော်ရင်ပြီးတာပါဘဲ"

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Tempat cerita menjadi hidup. Temukan sekarang