Unicode
ချစ်သူ့မျက်နှာငေးမျှော်ကြည့်ပြီးဖြတ်သန်းရတဲ့နေ့တွေကအရမ်းကိုသာယာလှပါတယ် ချစ်ရတဲ့သစ်ရွက်ကြွေလေး မင်းကိုယ့်ရဲ့ဘဝသစ်ပင်ကိုရှင်သန်အောင်လုပ်ပေးနိုင်တဲ့မြေဩဇာလေးပါကလေးငယ်🌱💞
"ဦး ကျနော်ပျင်းတယ်"
"အဲ့တော့ ဦးကဘာလုပ်ပေးရမှာလဲ"
"ဦးကလည်းဗျာ babeကိုပျော်အောင်လုပ်ပေးပေါ့လို့"
ရင်ဘတ်ပေါ်လက်သွယ်သွယ်လေးတစ်ဖက်ကိုအားမလိုအားမရတင်ပြီးသူ၏ဖွံ့ထွားသောကိုယ်ထည်ကိုညှစ်ကိုင်ကာနှုတ်ခမ်းလေးစူပြီးစိတ်မရှည်ဟန်ဆိုသည်။"ဦးက လူသားတွေအကြောင်းမှသိပ်မသိတာ ကလေးဘာလုပ်ချင်လဲ ဟိုတစ်ခါလိုအပြင်သွားမလား ဒါမှမဟုတ်တောလယ်မြင်းသွားစီးမလားရေတံခွန်သွားမလား"
"ဟာ ဟုတ်ပြီ ဦးပြောမှသတိရတယ် ရေတံခွန်သွားမယ် ဟီး ဦးကုန်းပိုး"
"ဟင် ဘယ်လို"
"ဦးကလဲ ကုန်းပိုးပါဆို ကလေးကိုမချစ်ဘူးလား ဟွန့်"
"ချစ်ပါတယ်ဗျာ babeက ကိုယ့်ကိုအဲ့လိုမတောင်းဆိုဖူးလို့ပါ ကုန်းပိုးရင်တောင်ပံနဲ့ဘယ်လိုပျံရမလဲချစ်ရဲ့ ဦးချီမယ်လေနော်"
"ခုတောင်းဆိုနေပြီလေ ကဲပါချီမယ်ဆိုလည်းချီ"
"လာစမ်း လေဟုန်စီးမယ်ချစ်သည်းငယ်"
"ရေး ပျော်တယ်ကွ ဒါမှငါ့ဦး"
စိမ်းလန်းသောတောအုပ်လယ်မှာချစ်သောခင်ပွန်းလေးကိုပွေ့ချီကာတရှိန်ထိုးတောင်ပံခတ်ကာပျံသန်းနေသည်မှာပျော်စရာပင်။သူတို့မျိုးနွယ်ကလူပုံစံနဲ့ဘဲနေပြီးအစွမ်းထုတ်မှသာကျောဘက်မှလင်းနို့တောင်ပံလိုထွက်လာပြီးနေရောင်ဒဏ်ခံနိုင်သောအဆင်မြင့်သူတွေကနေ့ဘက်လည်းလွတ်လပ်စွာပျံသန်းသွားလာနိုင်သည်။
တောအုပ်လယ်ကအသည်းနှလုံးပုံပြုပြင်ထားသောသစ်ပင်ကြီးဆီအလည်ခေါ်သွားလိုက်သည်။သူ၏ရှားပါးသောဖန်တီးမှုတစ်ခုကိုနှလုံးသားလေးအားပြချင်၍...
(At media)
"Wowလှလိုက်တာအရမ်းမိုက်တယ်ဦး ဒါဘယ်သူလုပ်ထားတာလဲ မဟုတ်မှလွဲရောဦးကိုယ်တိုင်လား"

YOU ARE READING
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romance❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...