Unicode
နာကျင်မှုဆိုတာဘာလဲမေးရင် မင်းဘဲလို့ငါဖြေမိမယ် ချစ်သူ...
ပျော်ရွှင်မှုဆိုတာဘာလဲမေးရင်လည်းမင်းဘဲလို့ငါဖြေမိမယ် ချစ်သူ ...
အောင်မြင်မှုဆိုတာဘာလဲမေးရင်တော့ မင်းရဲ့ကိုယ်ရောစိတ်ပါသိမ်းပိုက်နိုင်တာပါလို့ငါဖြေမိမယ် ချစ်သူ..အရာရာ မင်းပါကွယ်...
💔💔💔💔💔💔💔💔💔💔💔💔💔💔
ရင်ခုန်နေတုန်းဘဲ ရင်ခုန်နေတုန်းဘဲ
ပျော်ပါစေအချစ်ရယ်🎼🎵🎶"ကိုလကျာ်"
"ဟင် ကြွေ အာ ပါးပါး"
"၂ယောက်တည်းရှိချိန် ပေါ့ပေါ့ပါးပါးခေါ်ပါပြောထားတယ်လေ"
"ကြွေ လို့ခေါ်မယ် ခွင့်ပြုမလား ပါးပါး"
ရွက်ကြွေအနည်းငယ်ရယ်မိသည်။ကြွေ လို့ခေါ်မယ်ဆိုသေး ပါးပါးတဲ့လား...
"ကိုယ့်အဘိုးထက်တောင်အသက်ကြီးအုန်းမယ့်သူက ပါးပါးတပ်ခေါ်တာ အဆင်ပြေမနေဘူး ကိုလကျာ်"
"ကိုယ့်ထက်အသက်ကြီးတဲ့ကိုယ့်အဖေကိုတောင်မင်းယူထားသေးတာဘဲ ကြွေ"
"ဟုတ်ပါတယ် ဒါက..."
မင်းမညာချင်ပါနဲ့ ကြွေ...
ခမည်းတော်အပေါ်မှာ...
မင်းရဲ့ခံစားချက်တွေကအရောင်ပြောင်းခဲ့ပြီမို့လား...အဝေးကငေးကြည့်နေရုံနဲ့ကျေနပ်နိုင်မယ်လို့ငါ့ကိုယ်ငါမထင်ခဲ့ဘူး..
ကန့်သတ်မှုတွေကြားထဲတို့တွေထွက်ပေါက်ပိတ်ခဲ့တယ်။မင်းကတော့ အောင်နိုင်သူပါ။စင်ပေါ်ကလေ
ကိုယ်တို့သားအဖနှစ်ယောက်ကတော့...
ရင်ခုန်နေခဲ့တယ်...
ရင်ခုန်နေဆဲဘဲ...
ရင်ခုန်နေမြဲပါ...
ရင်ခုန်နေဦးမှာပါကွာ...မုန်းခွင့်ရှိလား ချစ်သူ...
ချစ်ခွင့်မရှိတဲ့အခါ ငါဟာတခြားတစ်ခုကိုရွေးချယ်ချင်ပါတယ်...တိတ်ဆိတ်နေသောသူ၏မျက်နှာကိုအကဲခတ်ရင်းမင်းလကျာ်ပြုံးမိသည်။ဒီကောင်လေးကိုမုန်းဖို့မဖြစ်နိုင်ပါ။
DU LIEST GERADE
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romantik❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...