Unicode
အချစ်ဟာကန္တာရဆူးပင်လေးတွေနဲ့လည်းတူပါတယ်
ရေမရှိဘဲနှစ်အကြာကြီးရှင်သန်နိုင်တယ်
အချစ်ရှိရင်အခက်အခဲတွေကိုကျော်ဖြတ်နိုင်တဲ့သဘောပါ
ဆူးလေးတွေကဝေဖန်မှုတွေ တိုက်ခိုက်မှုတွေ စမ်းသပ်မှုတွေကိုကိုယ်စားပြုပါတယ်
အပွင့်လေးတွေပွင့်လာခဲ့ရင် မင်းရဲ့နှလုံးသားကဆုလာဘ်တွေရရှိတာလို့ပြောလို့ရပါတယ် အချစ်ကိုယုံကြည်သောကြောင့်ပေါ့....♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
"ခမည်းတော် ပါးပါးကို အလန့်ပြေအောင် သေချာ စောင့်ရှောက်ပေးလိုက်ပါနော် သားတော် ဖြေရှင်းစရာလေးတွေဖြေရှင်းလိုက်ပါအုန်းမယ်"
"နေအုန်း"
ရွက်ကြွေကိုအထိန်းတော်တွေက ကိုယ်လက်သန့်စင်ရန်ခေါ်ဆောင်သွားသောကြောင့် သားအဖနှစ်ဦးသာကျန်ရစ်ခဲ့သည်။
"မင်း ငါ့ကိုပြောစရာရှိလား တစ်ခုခုပေါ့"
"ဘာ ဘာပြောရမှာပါလဲ ခမည်းတော်"
"မင်းရဲ့ အတွင်းအိတ်ကပ်မှာထည့်ထားတဲ့ ဟမ်းချိန်းလေးရဲ့ ပိုင်ရှင်ဘယ်သူလဲ ငါသိချင်တယ်"
"ဗျာ"
မင်းလကျာ် ထိတ်လန့်သွားသော်လည်း အခုပြောနေသူဟာသူ့အဖေရင်းဖြစ်သည်ကြောင့်သူ့အကြောင်းကို သူ့ထက်ပိုသိမည်မှာအမှန်ပင်။မင်းဒီပါကရွက်ကြွေနဲ့မတွေ့ခင်တည်းက ဖခင်ကောင်းတစ်ယောက်၊ခေါင်းဆောင်ကောင်းတစ်ယောက်ဘဲလေ.."ငါကြားချင်တယ် မင်းပါးစပ်ကပြောတာကိုပေါ့"
"သားတော်ရဲ့ ကိုယ်ရေးကိုယ်တာမို့ မပြောနိုင်"
ခွမ်း
စကားမဆုံးခင် ဘေးနားကစားပွဲတင်ပန်းအိုးကိုပစ်ချလိုက်သောကြောင့် မင်းလကျာ်တောင်အတန်ငယ်ဆွံ့အသွားသည်။"ခ.. ခမည်းတော်"
"ငါ သည်းခံနေတယ်နော် ငါ့စိတ်ကို မဆွပါနဲ့ ပြော မင်းကိုငါအခွင့်အရေးပေးတုန်းပြောပါ သားတော်"
"ကျ ကျနော် သူ့ကိုအမှတ်တရပေးချင်ခဲ့တာပါသိရဲ့လားသူ့လက်က လက်ထပ်လက်စွပ်မြင်တိုင်းကျနော်ဘယ်လောက်ရင်နာရလဲဆိုတာ သိရဲ့လား ပိုင်ရှင်ရှိတယ်လို့ကြွေးကြော်ထားတဲ့သူကိုမှချစ်မိနေတဲ့ကျနော့်အဖြစ်ကို သိရဲ့လား ကျနော့်အမေနေရာမှာအစားဝင်ယူထားတဲ့သူကိုမှ ကျနော်က ..အ.."

KAMU SEDANG MEMBACA
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romansa❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...