1.8K 145 17
ချစ်လှ​စွာသော က​လေးငယ်​ရေ ကြည့်တာ ကိုယ်မင်းကိုလက်မလွှတ်​ပေးနိုင်​တော့ဘူးထင်တယ် ကိုယ့်အ​ကြောင်းမင်းသိသွားရင် အရင်လိုစွာနိုင်အုန်းမလား
စွာ​​တေး​လေး​ရေ...
မင်းဒီပါ လူသား​လေးကို​ပွေ့ချီလာရင်း​တွေး​နေမိသည်
လူသားငယ်​လေးမှာမူ ထိတ်လန့်​သောအရှိန်​ကြောင့်သတိ​မေ့​နေပြီဖြစ်သည် သူ့ကိုသာ​ကြောက်လန့်ပြီးအနားကပ်မခံရင် ဘယ်လိုလုပ်ရပါ့ ခုနက တိုက်ခိုက်ခံရ​တော့မလိုဖြစ်​တော့စိတ်ထဲမှာ သူ့ကိုဘဲ ကာကွယ်​ပေးချင်မိတယ် ဒါဟာအချစ်လား နှစ်၅၀၀အတွင်း ပထမဆုံးခံစားရခြင်းလား သူ၁၅၀၀နဲ့မချစ်ဖူးပါ ၅၂၈ ​မေတ္တာဖြင့်သာ မိတဆိုး သား​တော်ကိုထိန်းကွပ်ပြီး အကြီးအကဲရာထူးကိုဆက်ခံ၍ ​ထိန်းသိမ်းစောင့်​ရှောက်ခဲ့ရသည် သူ့အတွက်ကြင်​ဖော်ဆိုတာထပ်ရှိလာလိမ့်မယ်လို့မ​တွေးခဲ့ဖူး​ပေ။မင်းက ငါ့အတွက် အသက်ဆက်​လေညှင်း​လေး​babe...
နန်း​တော်သို့ ​ကောင်​လေးကိုပြန်​ခေါ်လာ​သော​ကြောင့်မျိုးနွယ်ဝင်များမ​နေနိုင်​တော့​ပေ ​မေးမြန်းကြသည်
" အကုန်လုံး တိတ်ကြ မင်းတို့သိချင်တဲ့ ဒီလူသားအ​ကြောင်းငါညီလာခံမှာ​ပြောပြမယ် ခု​တော့ ဒီ လူသားအတွက်အခန်း၁ခန်းစီစဥ်​ပေး ဦးမိုး အခုချက်ချင်းပြင်​ပေးပါ"
ဟု လူယုံ​တော် အိမ်​တော်ထိန်း ဦးမိုးကိုအမိန့်​ပေးလိုက်သည်
"အမိန့်တိုင်းပါ အရှင်" ဦးမိုး ​ပြောပြီးသည်နှင့် ​ကောင်​ငယ်​လေးတွက် အခန်း၁ခန်းကိုမျက်စိတမှိတ်တွင်း ​နေရာချ ပြင်ဆင်ပြီးဖြစ်သည် Vampire​​တွေ​ပေမို့တစ်ခုခုဆို လူသား​တွေလို​နှေး​ကွေးတာမျိုးမရှိ အသက်​ထောင်ချီ ရာချီ​နေတာ​တောင်မှ လူငယ်​တွေလိုဖျတ်လတ်သန်စွမ်း ကာ အစွမ်းသတ္တိနှင့်ပြည့်စုံကြသည်
"ကြည့်ရတာ အရှင်က ကျွန်​မွေးမလို့လားမသိဘူး​နော်"
မင်းဒီပါလှည့်ထွက်ရန်ပြင်ပြီးမှ အ​နောက်က တစ်​ယောက်တစ်​ပေါက်​ပြောသံကြား၍ ​ပြော​သောအ​စေခံမိန်းမပျို​ရှေ့ရပ်လိုက်သည်
"မင်း ဘာစကား​ပြောတာလဲ... မဆင်မခြင်"...
"ခွင့်လွှတ်ပါ အရှင် မှားသွားပါတယ်.."
ထိုမိန်းက​လေး ချက်ချင်းဒူး​ထောက်​တောင်းပန်​သော်လည်း မင်းဒီပါ အခဲမ​ကြေ နိုင်။ သူ့လူသားငယ်ကို သူသာ​ပြောမည် တခြားသူအ​ပြောမခံ​စေရ ။ သူသာ၀မ်းနည်း​အောင်လုပ်မည် တခြားသူ​ကြောင့်၀မ်းမနည်း​​စေရ။ ဒီလူသား​လေးရဲ့အရာအားလုံးဟာ သူနဲ့ဘဲ ပတ်သက်ဆက်နွယ်​နေရမည်
(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Onde histórias criam vida. Descubra agora