Unicode
မင်းဒီပါ၏ မျက်နှာတည်ကြီးကြောင့် ညီလာခံတွင် အကြီးအကဲနှင့်လက်အောက်ငယ်သားများအားလုံး ငြိမ်သက်နေကြသည်
လူသားတစ်ယောက်ကိုတော်ကောက်မှာဖြစ်သင့်ရဲ့လား
သို့သော်လည်းအာဏာကြီးမားသော မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်၏ အတွင်းရေးဖြစ်၍ တစ်ဖက်အုပ်စုမှ မေးငေါ့ပြောဆိုခြင်း ထိုဖြစ်စဥ်ကို အခြေခံပြီး အပြစ်ရှာဝေဖန်ထိုးနှက်တိုက်ခိုက်ခြင်းများပြုလုပ်လာနိုင်၍ဖြစ်သည် အခန့်မသင့်လျှင် နှစ်ဖက်ငြိမ်းချမ်းရေး စာချုပ်ပျက်ပြားသွားနိုင်ကာစစ်ပွဲတွေဖြစ်လာနိုင်သည်
အခြား ပြည်နယ်များမှာလည်း အမျိုးအဆွေနွယ်တွေ အင်အားတောင့်တင်းစွာစစ်ကူပေးရန်ရှိသော်လည်း မလိုအပ်ဘဲ လူသားတစ်ယောက်ကြောင့် အလုပ်မရှုပ်ချင်ပါ စစ်ဖြစ်လျှင်နှစ်ဖက်လုံးအထိနာမည်မှာအမှန်ပင်...
ဘာကြောင့်များ မင်းဒီပါငြိမ်သက်နေရသနည်း သူ၏ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား...
အမျိုးမျိုးစဥ်းစားတွေးတောနေကြသည်ကို မင်းဒီပါ မသိခြင်းမဟုတ်ပေ။သူ၏ စွမ်းအား နှင့်အာရုံခံစရာမလိုဘဲ တော်ဝင်မျိုးနွယ်စု၏အမွေဖြစ်သော ကြိုတင်သိမြင်နိုင်စွမ်း စိတ်ဖတ်စွမ်းအင် ရထား၍ဖြစ်သည်
"အားလုံးဘဲ ကိုယ်တော်ပြောတာ နားထောင်ကြပါ
နှစ်ပေါင်း၃၀၀နီးပါးမှာတစ်ကြိမ်တစ်ခါမှမတောင့်တဖူးတဲ့ ခံစားချက်တွေကြောင့်ရွေးချယ်တာဖြစ်သလို လစ်လပ်နေတဲ့ဧကရီနေရာကိုလည်း ဖြည့်သွင်းခြင်းဖြစ်တယ် သဘောမတူ လက်မခံနိုင်သူရှိရင်
ကိုယ်တော့်ကိုပြောနိုင်တယ် စွမ်းအင်မလျော့ချင်ရင်ပေါ့"ဒီလောက်ထိ ပြောနေမှတော့ မည်သူကမျှ အတိုက်အခံမလုပ်ရဲတော့ပါ သူတို့၏စွမ်းအင်နှင့် ခွန်အားကို တော်ဝင်မျိုးနွယ်စစ်တို့က ထိန်းချုပ်နိုင်စွမ်းရှိသည်
မင်းဒီပါသည် အလွန်ရှားပါးသော နှစ်တရာ သက်တမ်းရှိ နတ်မျိုးနွယ်ဝင် မိခင်နှင့် သွေးစုပ်အနွယ်ဝင် တော်ဝင်မျိုးရိုးစစ်စစ် ဖခင်ဖြစ်သူမှဆင်းသက်လာ၍ သူ့ကို ဆန့်ကျင်ရဲသူသိပ်မရှိပါ
KAMU SEDANG MEMBACA
(How Long Will I Love You)ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆိုရင်...
Romansa❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘဲပေါက်ဖွားလာမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ် ကျွန်တော်ထင်တာမှားသွားမယ်မှန်းတကယ်မသိခဲ့ဘူး "မင်းဒီပ...