Part25(Final)

2.7K 92 9
                                    

Unicode

အချစ်တဲ့ စကားလုံး​လေးနှစ်လုံးနဲ့အနက်အဓိပ္ပါယ်ကအများသားရယ်...

မင်းမှမင်းဖြစ်​နေတဲ့သူက အချစ်ဆိုတာကိုမင်းနဲ့မှ​တွေ့ဖူးတာပါဆိုရင်​ရော...
ယုံနိုင်မလား bae....

မင်းအတွက်ကိုယ်ရှင်သန်ဖို့ကြိုးစားမယ်
မင်းသာ​ကိုယ့်ရင်ခွင်မှာပျော်​ပျော်​နေ​​ပေး
အရာအားလုံးကကံစီမံရာအတိုင်းဖြစ်​နေခဲ့ရင်​တောင်ငါဟာ​လောကနတ်ကိုအံတုပြီးမင်းဆီအ​ရောက်လာမယ်

​စောင့်​နေ​ပေးပါကွာ...

Love💔

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

"မင်းသား အခုဘယ်ကိုသွားမလို့ပါလဲ"

"ငြိမ်းချမ်း​ရေးယူပြီးနယ်​မြေခွဲပြီးသားဖြစ်တဲ့အတွက်မစိုးရိမ်ရ​တော့ပါဘူးကွာ ငါ​ခေါင်း​ဆောင်သစ်နဲ့​တွေ့ပြီး​ဆွေး​နွေးစရာရှိတယ်။ မင်းတို့ကြင်ယာ​တော်​လေးကိုသာ​စောင့်​ရှောက်ကြ ဟုတ်ပြီလား"

နယ်​မြေအနှံ့ရှာ​သော်လည်း​ပျောက်ချက်သား​ကောင်း​နေ​သောဖခင်​ကြောင့် စိတ်ပူပန်​​နေရသည့်အပြင်ချစ်ရသူ​ကြွေကပါအဆိပ်ဒဏ်ပိ​နေပါသတဲ့။သတိ​ကောင်း​ကောင်းမလည်တာတစ်ပတ်​ကျော်ပြီ။ကျမ်းစာ​တွေထဲမှာရှာ​ပေမယ့်လည်း သူတို့မျိုးနွယ်ရဲ့အဆိပ်မို့သူတို့ကိုယ်တိုင်ကု​ပေးပါမှ​ပျောက်ကင်းနိုင်မည်တဲ့။ယစ်ပူ​ဇော်ရန်လည်းလိုအပ်​ပေသည်။

"မင်းသားနဲ့အတူလိုက်ပါပရ​စေ"

"အင်း နန်း​တော်တပ်သား​တွေကို​​သေချာ​စောင့်​ရှောက်ခိုင်းထားပါ။ငါ့​​နောက်ကမင်းဘဲလိုက်ရင်ရပြီ။ငါအဲ့ဒီ​လောက်အားမနည်းဘူး"

ပျိုမျစ်နုနယ်​​သောကြံ့ခိုင်သန်မာသည့်ကျစ်လစ်​သောခန္ဓါနှင့်မင်းသားက​စိတ်ပူပန်မှု​တွေကြားက​တောင်ချော​မောမှု​တွေမ​လျော့ပါဘဲတိုင်းပြည်​ရေးကိုထိန်းထားနိုင်သည်။မျိုးနွယ်စုရဲ့အလိုအရ မင်းသားကိုနန်းတင်​တော့မှာဖြစ်သည်။အရှင်က​ပျောက်ချက်သား​ကောင်း​နေသည်မဟုတ်လား။

ကိုယ်ရံ​တော်နှင့်အတူထပ်မံ​ခြေချရ​ပေပြီ။တစ်ဖက်အုပ်စုဆီသို့...

(How Long Will I Love You)ကိုယ်မင်းကိုဘယ်​လောက်ချစ်သလဲဆိုရင်...Where stories live. Discover now