Ep-2

5.3K 575 4
                                    

Zawgyi
မနက်မိုးလင်းလာတော့ စံအိမ်ကြီးထဲတွင် အလုပ်သမားပေါင်းများစွာမှာ ပျာယီးပျာယာသွားလာလှုပ်ရှားနေကြရသည်။jungkookလည်း မီးဖိုချောင်ထဲသွားကာ မနက်စာစားရန် ကုပ်ချောင်းချောင်းနှင့် စားစရာရှာဖွေနေမိသည်။

"သားလေးjeon ဘာလာလုပ်နေတာတုန်း"

အနောက်မှအိမ်တော်ထိန်းမင်၏ အော်သံကြောင့် ထိတ်ခနဲလန့်သွားသည်။

"အာ ကျနော်ဘာစားရမလဲ လာကြည့်တာပါ"

"အဲ့ဒါများ အဒေါ်လုပ်ပေးမှာပေါ့ကွယ် လာ ထိုင်"

အိမ်တော်ထိန်းမင်က jungkookကိုခေါ်သွားကာထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်သည်။ထို့နောက် သူအလွန်ကြိုက်သည့်
banana milkနှင့် ပေါင်မုန့်မီးကင်တို့က စားပွဲပေါ်ရောက်လာသည်။

"ကောင်းကောင်းစားပါ့မယ် အဒေါ်"

သူပေါင်မုန့်တစ်ချပ်ကို အားရပါးရကိုက်နေစဉ် ခြေသံကြား၍လှည့်ကြည့်လိုက်တော့jiminဖြစ်နေသည်။

"hyung ကျနော်နဲ့ကျောင်းတူတူသွားမှာလား"

"အင်း မြန်မြန်စား hyungကားထဲကစောင့်နေမယ်"

Jungkookလည်း လက်ကနေပေါင်မုန့်နှစ်ချပ်ကို ကိုင်ကာကားပေါ်ပြေးတက်လိုက်သည်။

"ဆောရီး နောက်ကျသွားလို့"

"ရပါတယ် ဦးလေးကြီး ကားထွက်လို့ရပါပြီ"

Jimin hyungက လေသံပျော့ပျော့လေးနှင့်driverကို လှမ်းပြောလိုက်သည်။ကားစထွက်လာတာနဲ့ jungkook၏စားသောက်ခြင်းလုပ်ငန်းစတော့သည်။ပေါင်မုန့်ကိုကိုက်လိုက်၊banana milkကိုသောက်လိုက်နဲ့ သူ့ဟာနဲ့သူတော့ဟုတ်နေသည်။

"hyung ကျနော့်ကျောင်းကကျန်ခဲ့ပြီလေ"

"သိတယ်ရယ် ဒါပေမယ့်အဖေက မင်းကိုhyungနဲ့ တူတူထားချင်လို့နေမှာပေါ့ ကျောင်းပြောင်းခိုင်းလိုက်တယ်"

"ဪ ဟုတ်ကဲ့"

ကျောင်းရောက်တော့ နှစ်ယောက်လုံးကားပေါ်ကဆင်းကြသည်။jungkookအတွက်ကတော့ အသစ်အဆန်းဖြစ်နေတာကြောင့် ကျောင်းကြီးကိုပတ်ချာလည်ကြည့်နေမိသည်။

"လာ သွားမယ်"

jimin hyungက သူ့လက်ကိုဆွဲပြီး အရှေ့ကလျှောက်သည်။ဘာကြောင့်မှန်းတော့မသိ သူ့ရင်ထဲလိပ်ပြာတွေဖြတ်ပြေးသွားသလို ကြည်နူးနေမိသည်။

Serenphoria ✔️Where stories live. Discover now