Zawgyi
Taehyungတစ်ယောက် ရေချိုးခန်းထဲမှထွက်လာတော့ သူ့ကိုဆိုဖာပေါ်ထိုင်စောင့်ရင်း အိပ်ပျော်နေသည့်Min Yoongiကိုတွေ့လိုက်ရသည်။အိပ်နေတာမှ ပါးစပ်လေးပင်ဟောင်းလောင်းဖြစ်နေသည်လေ။"အကိုYoongi ထပါဦး ကျောင်းချိန်နောက်ကျတော့မယ်"
သူYoongiကို လှုပ်နှိုးလိုက်မှသာ တအင်းအင်း တအဲအဲနှင့်နိုးလာတော့သည်။
"ဟင် ဟုတ်လား ငါအိပ်ပျော်သွားတာပဲ"
မျက်လုံးနှစ်လုံးကိုပွတ်ကာ ဆိုဖာပေါ်မှထလာပြီး လွယ်အိတ်ကောက်လွယ်လိုက်သော Yoongiကိုကြည့်ပြီး သူတွေးနေမိသည်။Yoongiက သူ့အတွေးကိုသိသယောင် ပြောရှာသည်။
"ငါမနက်စာစားပြီးသွားပြီTaehyung ငါ့ကိုကြည့်ပြီးတွေးမနေနဲ့ဦး"
တကယ်လည်း သူတွေးနေသည်က အကိုYoongi မနက်စာရောစားပြီးရဲ့လားဆိုတာပင်။
"အာ ဟုတ်ကဲ့။အခုကျောင်းသွားကြတာပေါ့"
နှစ်ယောက်သား တိုက်ခန်းတံခါးသံပန်းကိုပိတ်လိုက်ကာ ကျောင်းသွားရန် အောက်ဆင်းလာကြသည်။
"ဒါနဲ့ အကိုပဲသွားလိုက်တော့နော် ကျနော်က ဘတ်စ်ကားစီးသွားမယ်"
"အာ မရပါဘူး ငါ့စက်ဘီးနဲ့လိုက်ခဲ့"
သူအားနာဟန်ဖြင့် ခေါင်းကိုခပ်ဆတ်ဆတ်ခါလိုက်တော့ အကိုYoongiက မျက်နှာမဲ့ကာသူ့ကိုပြန်ပြောလာသည်။
"ကျောင်းတက်ချိန်က မနက်ကိုးနာရီ...အခုပဲရှစ်နာရီ နှစ်ဆယ့်ငါးမိနစ်ဖြစ်နေပြီ....မင့်ဘတ်စ်ကားက ဘယ်တော့လာမယ်မှန်းမသိ စက်ဘီးကမှ ရွှတ်ခနဲရောက်ဦးမယ်"
"ဟုတ်ပါပြီ အကိုYoongi ကျနော်လိုက်ခဲ့ပါမယ်"
သူလည်း စက်ဘီးနှင့်လိုက်ဖို့သဘောတူလိုက်ရတော့သည်။နို့မို့ဆိုရင် သူလည်းကျောင်းမီမှာမဟုတ်တော့။အကိုYoongiက စက်ဘီးပေါ်တက်လိုက်ပြီး သူလည်းနောက်ခုံမှာလိုက်တက်လိုက်သည်။
"ကဲ စထွက်ပါပြီ ဖက်ထားနော်...ပြုတ်ကျမှာစိုးလို့"
သူလည်း ခါးကိုမဝံ့မရဲဖက်ထားလိုက်သည်။သူ့လက်ကို အကိုYoongiက ခပ်ကြမ်းကြမ်းဆွဲလိုက်ကာ ခါးကိုဖက်စေသည်လေ။
![](https://img.wattpad.com/cover/228726865-288-k388319.jpg)
ŞİMDİ OKUDUĞUN
Serenphoria ✔️