Ep-23

3.1K 367 3
                                    

Zawgyi
Taehyungတစ်ယောက် မိုးလင်းလာတော့ မပွင့်တပွင့်ဖြစ်နေသည့် မျက်လုံးတစ်စုံကို ပြူးကာ ဘေးဘီဝန်းကျင်ကို ဦးစွာကြည့်မိသည်။ပြောင်းလဲနေသော အခန်း၏အရောင်၊သူ့အောက်က အိပ်ရာခင်းစ၊အခန်းအပြင်အဆင် အကုန်ပြောင်းနေတာကြောင့် သူ့စိတ်ထဲကြောက်လာသလိုလို။

ခန္ဓာကိုယ်ကိုကြည့်လိုက်တော့လည်း မနေ့ညကဝတ်ခဲ့တဲ့အတိုင်း ပုံစံမပြောင်းတာကြောင့် သူသက်ပြင်းချမိသည်။

"ငါဘယ်နေရာရောက်နေတာပါလိမ့်"

တစ်ကိုယ်လုံးရစ်ပတ်နေသော စောင်အထွေးလိုက်ကြီးကို ခွါချကာ အခန်းအပြင်ထွက်လာခဲ့သည်။ဧည့်ခန်းတစ်ခုလုံးမှောင်မဲနေတာကြောင့် သူ့စိတ်ထဲ လူဆိုးဂိုဏ်းတစ်ခုခုကိုများ ပြန်ပေးဆွဲခံရတာလားဟုတွေးနေမိသည်....။
သို့သော် မီးဖိုချောင်မှပျံ့လွင့်လာသည့် သီချင်းညည်းသံနှင့် ရှူးရှူးရှဲရှဲချက်ပြုတ်သံများကြောင့် လူဆိုးဂိုဏ်းတော့မဖြစ်နိုင်ဟု တွေးမိသည်။

"ဒီမှာ..."

မီးဖိုချောင်အတွင်း ကြော်လှော်ချက်ပြုတ်နေသော လူတစ်ယောက်၏နောက်ကျောကို တွေ့တွေ့ချင်းပင် ကြောက်လန့်တကြား အော်မိသည်။

"ခင်ဗျား ဘယ်သူလဲ...ဒါကဘယ်နေရာလဲ"

သူ့ဘက်ကိုလှည့်လာသော လူ၏မျက်နှာကိုတွေ့မှသာ သူသက်ပြင်းချနိုင်တော့သည်။

"အကိုYoongiပါလား....တော်သေးတာပေါ့၊ဒါနဲ့ ကျနော်က ဘယ်လိုဖြစ်လို့အကို့အိမ်ရောက်လာရတာလဲ"

"မင်းဘာမှမမှတ်မိဘူးလား မနေ့ကသောက်ပြီးရစ်နေတာလေ"

သူဘာမှမမှတ်မိချေ...နောက်ဆုံးအဖြစ်အပျက်က သူအလုပ်ဆင်းဆင်းချင်း အကိုyoongiနှင့်တွေ့တာပဲသိသည်...နောက်ပိုင်းကိစ္စများကို လုံးလုံးမမှတ်မိတော့။

"အာ ကျနော်အကို့ကို အများကြီးဒုက္ခပေးမိသေးလား"

Yoongiကသူ့မေးခွန်းကို ရယ်ကျဲကျဲနှင့်ဖြေရှာသည်။

"မင်းကိုအရက်ဆိုင်ကနေ ငါ့အိမ်အထိ ကုန်းပိုးလာရတာလေးပါပဲ ကျန်တာဘာဒုက္ခမှမပေးပါဘူး"

Serenphoria ✔️Tahanan ng mga kuwento. Tumuklas ngayon